#Local_News
Published-24 August 2022

 

ပြည်တွင်းစက်သုံးဆီဈေးနှုန်းများဖြစ်သည့် ဓာတ်ဆီတစ်လီတာ ကျပ် ၅၀ နှင့် ဒီဇယ်မျိုးစုံတစ်လီတာ ကျပ် ၁၄၀ အထိဈေးတက်လာကြောင်း စက်သုံးဆီအရောင်းဆိုင်များ၏ ဈေးနှုန်းများအရ သိရသည်။

 

သြဂုတ် ၂၃ ရက်နေ့တွင် 92 တစ်လီတာလျှင် ၂၃၉၀ ကျပ်၊ ၉၅ တစ်လီတာဈေး ၂၄၈၀ ကျပ်၊ ၉၇ တစ်လီတာဈေးမှာ ၂၃၃၅ ကျပ်ရှိခဲ့ရာမှ ယနေ့တွင် 92 တစ်လီတာလျှင် ၂၄၄၀ ကျပ်၊ ၉၅ တစ်လီတာဈေး ၂၅၂၅ ကျပ်၊ ၉၇ တစ်လီတာ ၃၀၀၀ ကျပ်အထိ ဈေးမြင့်လာကြောင်းသိရသည်။

 

ယင်းအပြင် သြဂုတ် ၂၃ ရက်နေ့တွင် ဒီဇယ်တစ်လီတာလျှင် ၂၈၆၅ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာလျှင် ၂၉၄၀ ကျပ်ရှိခဲ့ရာမှ ယနေ့တွင်(သြဂုတ်လ ၂၄ ရက်) တွင် ဒီဇယ်နှင့် ပရီမီယံဒီဇယ်တစ်လီတာလျှင် ၃၀၈၀ ကျပ်အထိ မြင့်တက်လာကြောင်း သိရသည်။

 

ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရည်ညွှန်းလက်လီဈေးနှုန်းများဖြင့်လည်း ရောင်းချပေးနေကြောင်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်မှုကော်မတီမှ သိရသည်။

 

Ymg/STH
#Yangon_Media_Group