#Local_News
Published -5 August 2022

 

ထိုင်း-မြန်မာနှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် စင်ခွန်-မောတောင် နယ်စပ်ကုန်သွယ်ရေး ပြန်စဖွင့်သည့်နေ့မှာပင် ဘတ် ၁၀ သန်းအထိ ကုန်သွယ်မှုပြုလုပ်နိုင်ခဲ့ကြောင်း ပရကျွပ်ခီရီခန်ခရိုင် ကုန်သည်ကြီးများအသင်းမှ ထုတ်ပြန်ကြေညာခဲ့သည်။

 

အဆိုပါနယ်စပ် စခန်းကို ဩဂုတ်လ ၂ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ၊နှစ်ဖက်ကုန်သွယ်မှုအတွင်း မြန်မာဘက်ခြမ်းမှ အေးခဲသန့်စင်ထားသည့် ရေထွက်ကုန်ပစ္စည်းတွေကို တင်ပို့ရောင်းချခဲ့ပြီး ထိုင်းနိုင်ငံဘက်ခြမ်းဖြစ်သည့် စင်ခွန်ကုန်သွယ်ရေးစခန်းမှ စားသုံးကုန်နှင့် လူသုံးကုန်ပစ္စည်းများ တင်သွင်းခဲ့ကြောင်း ဖော်ပြထားသည်။

 

ယင်းအပြင်ကုန်သွယ်မှု အချိုးအစားသည်လည်း မြန်မာဘက်ခြမ်း၌ ပို့ကုန်တင်ပို့မှု ၇၀ ရာခိုင်နှုန်းအထိ ရှိခဲ့ပြီး ထိုင်းနိုင်ငံထံမှ တင်သွင်းပစ္စည်းပမာဏ ကုန်သွယ်မှုတန်ဖိုး၏ ၃၀ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

 

လက်ရှိကုန်သွယ်မှုပမာဏ နှုန်းထားအတိုင်း နေ့စဉ်ကုန်သွယ်မှုရှိမည်ဆိုပါက ဩဂုတ်လ၏ နှစ်ဖက်ကုန်သွယ်မှုတန်ဖိုးသည် ဘတ်သန်း ၁၀၀ အထိ ရောက်ရှိသွားနိုင်ကြောင်း ကုန်သည်များမှ ခန့်မှန်းထားသည်။

 

ယင်းကုန်သွယ်မှုပမာဏသည် ကိုဗစ်-၁၉ ကပ်ရောဂါ မဖြစ်ပွားခင်က ရရှိခဲ့သည့် ကုန်သွယ်မှုတန်ဖိုးနှင့် ညီမျှနေပြီး ယခင်ကိုဗစ်-၁၉ ကပ်ရောဂါမဖြစ်ခင် စင်ခွန်-မောတောင်နယ်စပ် ကုန်သွယ်ရေးစခန်းကနေ နေ့စဉ်ကုန်သွယ်မှုတန်ဖိုး အများဆုံး ဘတ် ၅ သန်းအထိ ရှိခဲ့ကြောင်း သိရသည်။

 

ymg/sth
#Yangon_Media_Group