#Local_News
Published_4 August 2022

 

ဂျပန်မှတ်တမ်းသတင်းထောက် Toru Kubota ကို ပုဒ်မ နှစ်ခုဖြင့် တရားစွဲဆိုထားကြောင်း နစက သတင်းပြန်ကြားရေးအဖွဲက ယနေ့ သြဂုတ်လ ၄ ရက်တွင် ထုတ်ပြန်လိုက်သည်။

 

ယင်းမှာ မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူဖြစ်ကြောင်း သတင်းမီဒီယာများတွင် ဖော်ပြရေးသားချက်အရ သိရသည်။

 

အဆိုပါ ဂျပန်နိုင်ငံသားသည် ပြီးခဲ့သည့် ဇူလိုင်လ ၁ ရက် တွင် Tourist Visa ဖြင့် ထိုင်းနိုင်ငံမှ တစ်ဆင့် မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ ဝင်ရောက်ခဲ့ကာ ဇူလိုင်လ ၃၀ ရက် ညပိုင်းက ဒဂုံမြို့သစ်တောင်းပိုင်း City max အနီး လူ ၁၀-၁၅ ဦးပါဝင်သည့် ဆန္ဒပြမှုကို ဖုန်းကင်မရာများဖြင့် မှတ်တမ်းတင်နေစဉ် ထိန်းသိမ်းခံခဲ့ရကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

Toru Kubota ကိုယ်တိုင် ထွက်ဆိုချက်အရ ဇူလိုင်လ ၂၉ ရက် က ဆန္ဒပြမှုတွင် ပါဝင်မည့်သူများနှင့် ဆက်သွယ်၍ ဆန္ဒပြမည့်နေရာ၌ ချိန်းဆိုခဲ့ကြောင်း နစက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ယခုအခါ ယင်းကို လဝက ဥပဒေ ၁၃ (၁) ၊ Visa စည်းကမ်းချိုးဖောက်ဖျက်မှု နှင့် ၅၀၅(က)တို့အရ တရားစွဲဆိုခံထားရကြောင်း လည်း သိရသည်။

 

ymg/mt
#Yangon_Media_Group