#Local_News
Published_4 August 2022

 

လစဉ်(၁)ရက်နေ့မှ (၇)ရက်(ရုံးဖွင့်ရက်)အထိနှင့် အပတ်စဉ်ကြာသပတေးနေ့(ရုံးဖွင့်ရက်)တိုင်းသက်ဆိုင်ရာ မြို့နယ်အသီးသီးကသတ်မှတ်ထားသည့် ကာကွယ်ဆေးထိုးစု ရပ်များတွင် ပုံမှန်ကာကွယ် ဆေးထိုးခြင်းများဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်၊၊

 

အသက်(၁)နှစ်အောက်ကလေးများနှင့် ပုံမှန်ကာကွယ်ဆေးထိုးရန်ကျန်ရှိနေသည့် အသက်(၂)နှစ်အောက်ကလေးငယ်များကို သတ်မှတ်ထားသည့် ရက်များအတိုင်း လစဉ်၊ အပတ်စဉ်ပုံမှန်ထိုးပေးသွားမည်ဖြစ်ကြောင်းနှင့် ကိုယ်ဝန်ဆောင်များကို လိုအပ်သည့်ကာကွယ်ဆေးများ ထိုးပေးမည်ဖြစ်ကြောင်း သိရသည်၊၊

 

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ဇူလိုင်လအတွင်း ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်ခရိုင် တာချီလိတ်မြို့နယ်တွင် အသက်(၁)နှစ်အောက် ကလေးငယ်များနှင့် ပုံမှန်ကာကွယ်ဆေးထိုးရန်ကျန်ရှိသည့် အသက်(၂)နှစ်အောက်ကလေးငယ်များအား သက်ဆိုင်ရာဆေးရုံနှင့်ဆေးထိုးစုရပ်များအလိုက် ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်၊၊

 

ဒီ့အပြင် ကချင်ပြည်နယ်၊ မိုးညှင်း၊ ဗန်းမော်၊ ဝိုင်းမော်နှင့် မြစ်ကြီးနားမြို့နယ်များတို့ တွင် အသက် (၁) နှစ်အောက် ကလေးငယ်များနှင့် ပုံမှန်ကာကွယ်ဆေးထိုးရန် ကျန်ရှိသည့် အသက် (၂) နှစ်အောက် ကလေးငယ်များအား သက်ဆိုင်ရာမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနများ ဆေးရုံအခြေပြုနှင့် သတ်မှတ်ထားသော ကာကွယ်ဆေးထိုးစုရပ်များတွင် ပုံမှန် ကာကွယ်ဆေးထိုးလုပ်ငန်းများဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်၊၊

 

ymg/tthl
#Yangon_Media_Group