#Local_News
Published_1 August 2022

 

ဒေါ်အောင်ဆန်းစုကြည်၏ အမှုများအနက် ရဟတ်ယာဉ်ငှားရမ်းသည့်အမှုအမှတ်(၄၇)ကို ယနေ့ သြဂုတ်လ ၁ရက်တွင် နေပြည်တော်အချုပ်ထောင်အတွင်း အထူးတရားရုံး၌ ရုံးထုတ်စစ်ဆေးခဲ့စစ်ဆေးခဲ့ကြောင်း တရားရုံးနှင့် နီးစပ်သူတစ်ဦးကပြောသည်။

 

"ရဟတ်ယာဉ်အမှု အမှုအမှတ် ၄၇ ကို ဒီနေ့ စစ်တယ်၊ လူကယ်ပြန်က ဒုဝန်ကြီးဟောင်းပေါ့ သူကလေ၊ ပြီးခဲ့တဲ့ တစ်ပတ်က အမှု အမှတ် ၄၆ ကို စစ်တယ်၊ဒီနေ့က ၄၇ ပေါ့၊မနက်ဖြန် အမှုအမှတ် ၄၈ ကို စစ်မယ်၊အားလုံး ကျန်းကျန်းမာမာပဲ"ဟု ယင်း တရားရုံးနှင့် နီးစပ်သူက YMG ကို ပြောသည်။

 

ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ရင်ဆိုင်နေရသည့် အမှုများထဲတွင် ရဟတ်ယာဉ်ငှားရမ်းဝယ်ယူမှုနှင့် ပတ်သက်သည့် အဂတိအမှုများကို စစ်ဆေးနေခြင်းဖြစ်ကြောင်း၊ ယင်းအမှုများတွင် ဦးဝင်းမြင့်လည်း ပါဝင်ကြောင်း သိရသည်။

 

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ၂၀၂၂ ဇွန်လအထိ အမှုပေါင်း ၂၀ ထက်မနည်းဖြင့် စွဲဆိုထားခြင်းဖြစ်ပြီး ယင်းအထဲမှ ၆မှုအတွက် ထောင်ဒဏ် ၁၁နှစ်ချမှတ်ထားကြောင်း သိရသည်။

 

ymg/mt
#Yangon_Media_Group