#Local_News
Published -1 August 2022

ပြည်ပတင်ပို့မှုမရှိသည့် ပြောင်းစျေးနှုန်းမှာ ယခင်ထက်ကျဆင်းလာကြောင်း ပြောင်းလုပ်ငန်းရှင်များထံမှ သိရသည်။

 

ဇူလိုင်လအတွင်း ပြောင်းဈေးနှုန်းသည် ဇွန်လထက် ၂၅ ရာခိုင်နှုန်းအထိ ထပ်မံကျဆင်းသွားကြောင်း၊ ယင်းအပြင် မူဝါဒအပြောင်းအလဲကြောင့် Normal Trade အပြင် Border Trade ပါ တင်ပို့မှု မရှိသလောက်ဖြစ်နေသည့်အတွက် ပြောင်းစျေးနှုန်း ထပ်မံကျဆင်းနိုင်ကြောင်း သိရသည်။

 

လက်ရှိပြောင်းစျေးကွက်တွင် အရောင်းအဝယ်အေးနေပြီး ပြောင်းတစ်ပိဿာလျှင် ၇၀၀ ကျော်သာရှိတော့ကြောင်း၊ လတ်တလောအခြေအနေအရ Normal Trade သည် တန်ချိန်သောင်းဂဏန်းခန့်သာ တင်ပို့မှုရှိပြီး Border Trade ပါ ဒေါ်လာစျေးဖြင့် မကိုက်သည့်အတွက် တင်ပို့မှုမရှိသလောက်ဖြစ်နေကြောင်း သိရသည်။

 

ယင်းအပြင် ပဲ၊ ပြောင်း၊ နှမ်းအမျိုးမျိုးနှင့် မြေပဲတို့ကို ပင်လယ်ရေကြောင်းမှ တင်ပို့ရန် ထောက်ခံချက်ရယူလိုပါက ပို့ကုန်ကြိုတင်ရငွေ USD လက်ခံကို ပူးတွဲလျှောက်ထားရမည် ဖြစ်ကြောင်း မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့်နှမ်းကုန်သည်များအသင်းမှ အသင်းဝင်ပို့ကုန်လုပ်ငန်းရှင်များထံသို့ အသိပေးအကြောင်းကြားထားသည်။

 

ymg/sth
#Yangon_Media_Group