#Local_News
Published_28 July 2022

 

ရန်ကုန်တိုင်းဒေသကြီးအတွင်း ညမထွက်ရ အမိန့် ထပ်မံထုတ်ပြန်ထားခြင်း မရှိကြောင်း မီဒီယာများအား နစက ပြန်ကြားရေးအဖွဲ့ကတရားဝင် ပြောကြားလိုက်သည်။

 

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ညမထွက်ရအမိန့်ကို ည (၈) နာရီသို့ ပြန်လည်ပြောင်းလဲလိုက်ကြောင်း ပြောဆိုနေကြကြောင်း သတင်းမီဒီယာများ၏ မေးမြန်းမှုအပေါ် အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

 

ပြီးခဲ့သည့် မတ်လ ၂၂ ရက်က စ၍ ရန်ကုန်တိုင်းဒေသကြီးအတွင်း သတ်မှတ်ထားသည့် ယခင်ညမထွက်ရ အမိန့်ဖြစ်သော ည ၁၀ နာရီမှ နံနက် ၄ နာရီ ကို ည ၁၂ နာရီမှ နံနက် ၄ နာရီထိ ပြင်ဆင်သတ်မှတ်ထားပြီးနောက် မည်သည့် အမိန့်မျှ ထပ်မံ ထုတ်ပြန်ခြင်း မရှိသေးပေ။

 

ymg/mt
#Yangon_Media_Group