#Local_News
Published _ 28 July 2022

 

မလေးရှားနိုင်ငံ ပုလောပီနန်းပြည်နယ်၌ လိုင်စင်မဲ့ယာဉ် မောင်းနှင်သည့် မြန်မာနိုင်ငံသားနှစ်ဦး ဖမ်းဆီးခံရကြောင်း ယင်းနိုင်ငံရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

 

နိုင်ငံခြားသားများ၊ ယာဉ်အသုံးပြုစီးနင်းခြင်းနှင့် ပတ်သက်၍ ဇူလိုင်လ ၂၆ရက်က စီမံချက်နှင့် စစ်ဆေးရာမှာ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။

 

ထိုနေ့က စဆဘရမ်းအဝိုင်းမှာ အော့ပ်ပေဝါ အမည်ဖြင့် လိုင်စင်မဲ့မောင်းနှင်နေသည့် နိုင်ငံခြားသားတွေကို မော်တော်ယာဉ်ဌာနမှ စစ်ဆေးဖမ်းဆီးရာ ဆိုင်ကယ် ၄၄စီး၊ အိမ်စီးကား နှစ်စီး၊ လော်ရီအသေးတစ်စီးတိုကို သိမ်းယူနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

 

နိုင်ငံခြားသားတွေဖြစ်ကြသည့် ရိုဟင်ဂျာ၂၀ဦး၊ ဘင်္ဂလား ၉ ဦး ၊မြန်မာ နှစ်ဦးအပါဝင် အင်ဒိုနီးရှား၊ ဗီယက်နမ်တစ်ဦးစီ ဖမ်းဆီးခံရကြောင်း ထုတ်ပြန်ထားရှိသည်။

 

ဖမ်းဆီခံရသည့် မြန်မာနိုင်ငံသား၂ဦးဟာ မည်သူဖြစ်ကြောင်း အတိအကျ မသိရသေးဘူးဟု မလေးရှားရောက်မြန်မာအသိုင်းအဝိုင်းထံမှ သိရသည်၊၊

 

ဖမ်းဆီးခံရသူတွေကို မလေးရှားနိုင်ငံဥပဒေများနှင့် ဆက်လက်အရေးယူ သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ပါရှိသည်။

 

ymg/NN
#Yangon_Media_Group