#LocalNews
Published_24 July 2022

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၊ တောင်ရပ် ရပ်ကွက်၌ ယနေ့(ဇူလိုင်လ ၂၄ ရက်) နံနက်အစောပိုင်းက မုန့်တီအခြောက်ခံနေရာမှ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ဦးလှမိုးအောင်(ဘ)ဦးမောင်စိုးအောင် ၏ မုန့်တီခြောက်လုပ်ငန်းလုပ်ကိုင်သည့် အဆောက်အဦးအတွင်း မုန့်တီများကို လျှပ်စစ်မီးဖြင့် အခြောက်ခံနေစဉ် ပန်ကာဖြင့် ဆက်သွယ်ထားသည့် ဝါယာကြိုးအဟောင်း အပူလွန်ကဲ၍ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး အနီးရှိမျက်နှာကြက် တာလပတ်စကို ကူးစက်ကာ အဆောက်အဦးအား ဆက်လက်ကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

မီးလောင်ကျွမ်းမှုကြောင့် အဆောက်အဦး ကာလတန်ဖိုး ၁၉၆၀၀၀၀ ကျပ်၊ တရုတ်နိုင်ငံလုပ်လက်ဆွဲမီးစက်အသေး ၁ လုံး ကာလတန်ဖိုး ၁၀၀၀၀၀ ကျပ်၊ စုစုပေါင်း ၂၀၆၀၀၀၀ ကျပ်ခန့်ပျက်စီးဆုံးရှုံးခဲ့ပြီး လူ၊တိရစ္ဆာန် ထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။

 

ယခုအခါ မီးပေါ့ဆသုံးစွဲသူ ဦးလှမိုးအောင်အား မြောက်ဦးမြို့မရဲစခန်း၌ အမှုဖွင့်လှစ်၍ အရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်းလည်း ရခိုင်ပြည်နယ် မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

 

ymg/mt
#Yangon_Media_Group