၁။      မော်တော်ယာဉ်မောင်းနှင်သူများသည်   အောက်ပါနေရာများတွင်  မည်သည့်မော်တော်ယာဉ်မျှ  “ဂ” ကွေ့ မကွေ့ရပါ-

(၁)     ခြေကျင်လျှောက်သူများဖြတ်ကူးရန် ခွင့်ပြုထားသောနေရာ၊

(၂)      လမ်းအလယ်တွင် အလျားလိုက် တစ်ဆက်တည်းရေးဆွဲထားသော မျဉ်းဖြူ၊ မျဉ်းဝါတစ်ကြောင်း သို့မဟုတ် နှစ်ကြောင်းရှိသောလမ်း၊

(၃)     ခွင့်မပြုသော လမ်းဆုံလမ်းခွ၊

(၄)     လမ်းထောင့်၊ လမ်းကွေ့၊

(၅)     ကုန်းထိပ်နှင့် ယင်းမှ ၃၂၈ ပေ (၁၀၀ မီတာ) အတွင်း၊

(၆)     တံတားအဝင်ဝနှင့် တံတားပေါ်၊

(၇)     တစ်လမ်းမောင်းလမ်း၊

(၈)     “ဂ” ကွေ့ မကွေ့ရဟု တားမြစ်ထားသောနေရာ၊

(၉)     “လမ်းမပိတ်ရ” အဝါရောင်မျဉ်းကွက် (Yellow Box) နေရာ၊

(၁၀)   ကျောင်း၊ ဆေးရုံ၊ မီးသတ်စခန်းတို့၏ရှေ့။

၂။       “ဂ” ကွေ့ ကွေ့နိုင်သောနေရာတွင် ကွေ့လိုလျှင် မိမိ ရှေ့၊ နောက် မော်တော်ယာဉ် အသွားအလာရှင်းမှ ကွေ့ရမည်။ လမ်းကျဉ်း၍ ရှေ့တိုးနောက်ဆုတ် ကွေ့ရပါက အခြားမော်တော်ယာဉ်များ အသွားအလာကို တားဆီးပိတ်ဆို့ခြင်းမဖြစ်စေရ။

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန