#Local_News
Published_ 18 July 2022

 

ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ်တွင် ငွေကျပ် ၁၆၃၆.၃ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

 

ဇူလိုင် ၁၅ ရက် ညနေ ၆ နာရီခန့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့်အတူ စမ်းချောင်းမြို့နယ်၊ စမ်းချောင်း (မြောက်)ရပ်ကွက်တွင် လမ်းလျှောက်လာသူ မင်းသူရိန်(ခ) ဘေကြီး အားစစ်ဆေး ရှာဖွေခဲ့ပါတယ်။

 

ထိုသို့ရှာဖွေရာတွင် ၎င်းကိုင်ဆောင်ထားသော လက်ဆွဲအိတ်အတွင်းမှ အက်တက်စီ ဆေးပြား ၁၀၀ ပြား၊ ကက်တမင်းအလေးချိန် ၅ ဂရမ်နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပါတယ်။

 

ဆက်လက် စစ်ဆေးဖော်ထုတ်ချက်အရ ည ၈ နာရီအချိန်ခန့် ၎င်းနေထိုင်သည့် အဆိုပါရပ်ကွက်၊ စမ်းချောင်းလမ်းရှိနေအိမ်အတွင်းမှ အက်တက်စီဆေးပြား ၂၇၃၉ ပြား၊ ကတ်တမင်းအလေးချိန် ၂၅၀ ဂရမ်၊ စုစုပေါင်းအက်တက်စီဆေးပြား ၂၈၃၉ ပြား (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၁၃၅.၆ သိန်း)၊ စုစုပေါင်းကက်တမင်း အလေး ချိန် ၂၅၅ ဂရမ်(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၂၇.၅ သိန်း)နှင့် ဆေးခြောက် အလေးချိန် ၃၇.၃၂ ကီလို (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၃၇၃.၂ သိန်း) တိုအား တွေ့ရှိသိမ်းဆည်းရမိခဲ့ပါတယ်။

 

ထိုကြောင့် မင်းသူရိန်(၃၁)နှစ်အား စမ်းချောင်းမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင် ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

 

ymg-mnn
#Yangon_Media_Group