#Local_News
Published _ 15 June 2022

 

ရန်ကုန်တိုင်း အပါအဝင် တိုင်းနှင့်ပြည်နယ်များ၌ ရက်ပိုင်းအတွင်း စက်သုံးဆီဈေးနှုန်းများ ဆက်တိုက်ကျဆင်းလာကာ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ ဇူလိုင်လ ၁၅ ရက်(ယနေ့)ထုတ်ပြန်သည့် ရည်ညွှန်းလက်လီဈေးနှုန်းအရ တစ်လီတာလျင် ငွေကျပ် ၁၈၀၀ ထပ်မံလျော့ကျခဲ့ကြောင်း ထုတ်ပြန်ထားသည့်စာရင်း အရသိရသည်။

 

ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ နေပြည်တော်၊ ပဲခူး၊ မကွေး၊ ထားဝယ်၊ မုံရွာ၊ ပုသိမ်၊ ဘားအံနှင့် မော်လမြိုင်မြို့များတွင် စက်သုံးဆီစျေးနှုန်းမှာ 92 Ron တစ်လီတာလျင် ငွေကျပ် ၁၈၀၀ အောက်သို့ကျဆင်းခဲ့သည်။

 

စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ ယနေ့ ထုတ်ပြန်ခဲ့သည့် စက်သုံးဆီရည်ညွှန်းစျေးနှုန်းများအရ ရန်ကုန်တိုင်းအတွင်း၌ လက်လီစျေးအဖြစ် 92 Ron တစ်လီတာလျင် ၁၇၂၅ ကျပ်၊ 95 Ron တစ်လီတာလျင် ၁၇၉၀ ကျပ်၊ HSD (500 ppm) တစ်လီတာလျင် ၂၁၃၀ ကျပ် သတ်မှတ်ခဲ့သည်။

 

HSD (50 ppm)နှင့် HSD (10 ppm)တို့အား တစ်လီတာလျင် ၂၁၉၀ ကျပ် စက်သုံးဆီ ရည်ညွှန်းလက်လီစျေးနှုန်းများအဖြစ် သတ်မှတ်ခဲ့ပြီး စျေးနှုန်းများအား စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ MOPS စျေးနှုန်းအပေါ်တွင် အခြေခံတွက်ချက်ထားခြင်းဖြစ်ကာ စက်သုံးဆီဝယ်ယူသူများအနေဖြင့် ကျေနပ်မှုမရှိပါက ကော်မတီသို့ဆက်သွယ်တိုင်ကြားနိုင်ကြောင်း သိရသည်။

 

ယင်းအပြင် စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မ တီ၏ စက်သုံးဆီရည်ညွန်းလက်ကားစျေးနှုန်းမှာလည်း ရန်ကုန်တိုင်း ၌ 92 Ron တစ်လီတာလျင် ၁၆၃၄ ကျပ်၊ 95 Ron တစ်လီတာလျင် ၁၇၀၀ ကျပ်၊ HSD(500 ppm) တစ်လီတာလျင် ၂၀၂၉ ကျပ်၊ HSD (50 ppm)နှင့် HSD(10 ppm)တို့မှာ တစ်လီတာလျင် ၂၀၈၄ ကျပ်များ ဖြစ်ကြသည်။

 

ymg/NN
#Yangon_Media_Group