#MyanmarNews
Published 14 July 2022

 

ကာလရှည်နာမကျန်းဖြစ်နေတဲ့ ဂီတအနုပညာရှင်ကြီး အကယ်ဒမီစန္ဒရားတင်ဝင်းလှိင်ဟာ ယနေ့ ဇူလိုင် ၁၄ ရက် နံနက် ၁ နာရီ မိနစ် ၂၀တွင် ကွယ်လွန်သွားခဲ့ပြီဖြစ်ပါတယ်။ ကွယ်လွန်ချိန်မှာ သူဟာ အသက် ၇၇နှစ်အရွယ်ရှိပြီဖြစ်ပါတယ်။

 

စန္ဒယားတင်ဝင်းလှိုင်ကွယ်လွန်သွားတာနဲ့ပတ်သက်လို ဂီတပညာရှင်ဦးတင်ဦးလေးက"စန္ဒယားတင်ဝင်းလှိုင်ကွယ်လွန်သွားတယ်ဆိုတာမှန်ပါတယ်၊၊ ဘဘနဲ့ကလည်း အသက်က(၇၇) မတိမ်းမယိမ်းပေါ့၊၊ သူက တကယ့်ကိုတက်တက်ကြွကြွနဲ့ လူတစ်ယောက်ပေါ့၊၊ အင်မတန်မှ ဘဘတို့လောကက ဘဘဘိုကလေးတင့်အောင်တို့ ဂီတလုလင်မောင်ကိုကိုတို့ အစရှိတဲ့ပုဂ္ဂိုလ်ကြီးတွေဆုံးရှုံးပြီးတဲ့နောက်ပိုင်းမှာ ဒီလိုလူတစ်ယောက်ဆုံးရှုံးတာ ဘဘတို့အတွက် နှမြောဖို့ကောင်းပါတယ်၊၊ ဘဘအတွက် မှတ်မှတ်ရရလက်ရာကတော့ အခုပြန်လွှင့်နေတဲ့ခြေခြေမြစ်မြစ် နှစ်နှစ်ကာကာပေါ့နော်၊၊ခြေခြေမြစ်မြစ်နှစ်နှစ်ကာကာမှာ ဘဘနဲ့လိုက်မယ်ဆိုပြီးတော့ လေးငါးခြောက်ကြိမ် ခုနှစ်ကြိမ်လောက်ဘဘနဲ့ လိုက်မယ်ဆိုပြီးခေါ်ဆိုတဲ့အတွက် သူနဲ့ပတ်သက်လို့မေ့မရနိုင်တဲ့ အမှတ်တရတစ်ခုပါ"လို့ YMGကိုပြောပါတယ်၊၊
သူကွယ်လွန်တဲ့အတွက် တူဖြစ်သူ အဆိုတော် အောင်အေးချစ်"ဘဘရေ နောက်ဘဝဆိုတာရှိခဲ့ရင် ဘဘသိပ်ချစ်တဲ့ တူတော်မောင်အဖြစ်ပဲ ဆက်ရှိနေပါရစေ၊၊ အကယ်ဒမီစန္ဒရားတင်ဝင်းလှိုင်သည် ကြာသပတေးနေ့ မနက် ၁နာရီမိနစ်၂၀တွင် ကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့အကြောင်း ဂီတလောကနှင့် ရုပ်ရှင်လောကမှ မိတ်ဆွေများကို ညိုးငယ်စွာဖြင့် အသိပေးအပ်ပါတယ်" လို့ ဝမ်းနည်းကြောင်း သူ့ရဲ့ ဖေ့စ်ဘုတ်ခ် စာမျက်နှာပေါ်မှာ ရေးသားထားပါတယ်။

 

စန္ဒရားတင်ဝင်းလှိုင်ဟာ တေးသီချင်းပေါင်းများစွာကို ရေးသားခဲ့ပြီး ကိုယ်တိုင်လည်း သီဆိုခဲ့ပါတယ်။ သီချင်းဟောင်းတွေကို ပြန်လည်ဖော်ထုတ်တင်ဆက်တဲ့ သူ့ရဲ့ "ခြေခြေမြစ်မြစ် နှစ်နှစ်ကာကာ"ရုပ်သံအစီအစဉ်ဟာလည်း လူကြိုက်များခဲ့ပါတယ်။

#Yangon_Media_Group