#Local_News
Published_ 14 July 2022

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် ငွေကျပ်သိန်း ၂၁၀၀ တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံး ၆၀ ၊ အလေးချိန် ၂၁ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင် ၁၀ ရက် မွန်းတည့် ၁၂ နာရီတွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့၊ မူဆယ်-နမ့်ခမ်းသွားကားလမ်း၊ အမှတ်(၂)မြေနီကားကွင်းရှေ့တွင် ပန်ခမ်းရွာမှ မူဆယ်မြို့သို့ မရန်ပိန်းကျောင်း (ခ) အားကျောင်း မောင်းနှင်လာသည့်ဆိုင်ကယ်ကို သတင်းအရရှာဖွေခဲ့ပါတယ်။

 

ဆိုင်ကယ် ရှေ့ခွကြားရှိ စက္ကူပုံးအတွင်းမှ ဒေသကာလတန်ဖိုး ငွေကျပ်သိန်း ၂၁၀၀ တန်ဖိုးရှိ ဘိန်းဖြူ ဘလောက်တုံး ၆၀ ၊ အလေးချိန် ၂၁ ကီလို သိမ်းဆည်းရမိခဲ့ပါတယ်။

 

စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိဘိန်းဖြူများအား မူဆယ်မြို့နယ်၊ ပန်ခမ်းကျေးရွာမှ စွမ်စော်ရပ်ကွက်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းအား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရပါတယ်။

 

ymg-mnn
#Yangon_Media_Group