#Local_News
Published 12 July 2022

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ မိုင်းဖုန်း(က)ကျေးရွာအုပ်စု ၊ ဝမ်ပုံဆိပ်ကမ်းတွင် လာအိုနိုင်ငံမှ နေရပ်ပြန်မြန်မာရွှေ့ပြောင်းအလုပ်သမား အမျိုးသား အမျိုးသမီး စုစုပေါင်း (၂၆၉)ဦးကို မြန်မာတာဝန်ရှိသူများက ယမန်နေ့က လက်ခံခဲ့ကြပါတယ်။

 

အဆိုပါနေရပ်ပြန်များကို လာအိုနိုင်ငံ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး ( ၂)ကြိမ်ထိုးပြီးကြောင်း အထောက်အထားကဒ် တင်ပြနိုင်သူများကို ကျန်းမာရေးစစ်ဆေး၍ ၎င်းတို့၏နေရပ်သို့ နေ့ချင်းပြန်လည်ပို့ဆောင်ပေးခဲ့ပြီး ကာကွယ်ဆေးထိုးနှံပြီးသော်လည်း အထောက်အထား ကဒ်မပြနိုင်ခဲ့သူများကိုပိုမိုစိတ်ချလုံခြုံစေရန် ကျန်းမာရေးစစ်ဆေးမှုကိုပြုလုပ်ပြီး စံလင်းဖြိုး Quarantine Center တွင်(၃) ရက်ထားရှိကာ ကျန်းမာရေးစစ်ဆေးမှု(၂)ကြိမ်ပြုလုပ်မည်ဖြစ်ကြောင်း၊ရောဂါကူးစက်မှုကင်းစင်ကြောင်း အတည်ပြုချက်အဖြေထွက်ရှိမှသာလျင်နေရပ်သို့ ပြန်လည်ပို့ဆောင်ပေးမည်ဖြစ်ကြောင်း သိရှိရပါတယ်။

ထို့နောက် ရွေ့ပြောင်းမြန်မာအလုပ်သမားများကို မြို့နယ်ကိုဗစ်ကော်မတီ ဥက္ကဋ္ဌ ဦးတင်ဦးကျော်နှင့် ခရိုင်/မြို့နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ တကိုယ်ရည်သုံး ပစ္စည်းဖြစ်သော ဆပ်ပြာခဲ၊ဆပ်ပြာမှုန့်၊ဆပ်ပြာခွက်၊စပရေးလက်ဆေးရည်၊နှာခေါင်းစည်း( face mask)တို့ကို ထောက်ပံ့ပေးခဲ့ကြပြီး မော်တော်ယာဉ်များဖြင့် စံလင်းဖြိုး Quarantine Center သို့ ပို့ဆောင်ခဲ့ကြကြောင်းသိရှိရပါတယ်။

ymg/ys-tcl
#Yangon_Media_Group