#Local_News
Published _ 11 June 2022

 

ကရင်ပြည်နယ် ဘားအံခရိုင် လှိုင်းဘွဲ့မြို့နယ်၊ နောင်တိုင်ကျေးရွာတွင် လူငယ်လူရွယ်များ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အခြေခံဗုဒ္ဓတရားတော်များကို သိရှိပြီး ယဉ်ကျေးလိမ္မာစေရန်အတွက် ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာစင်တာ ဟိတဓရဖောင်ဒေးရှင်း(ခွဲ)နှင့် ဆရာတော်၊ သံတော်ကြီးများကဦးဆောင်၍ ယဉ်ကျေးလိမ္မာဓမ္မစကူးလ်သင်တန်းဖွင့်ပွဲကို ယမန်နေ့က နောင်တိုင်ကျေးရွာဘုန်းတော်ကြီးကျောင်း၌ ဆောင်ရွက်ခဲ့သည်။

 

အခမ်းအနားတွင် ကျေးရွာအတွင်း လူငယ်များ ယဉ်ကျေးလိမ္မာစေရန်အတွက် အခြေခံဗုဒ္ဓတရားများကို သင်ကြားပေးခြင်း၊ လူငယ်များအနေဖြင့် မိမိအနာဂတ်၊ မိမိကျေးရွာ အနာဂတ်အတွက် စွမ်းစွမ်းတမံ ဆောင်ရွက်ပေးပြီး လူတော်လူကောင်းများဖြစ်လာခြင်းနှင့် သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ် ချက်များကို ဩဝါဒစကားများ မြွက်ကြားခဲ့ကြပြီး ဓမ္မစကူးလ် သင်တန်း ဆရာ၊ ဆရာမများက သင်တန်းတွင် သင်ကြားမည့် အခြေခံဗုဒ္ဓတရားများ၊ ဘာသာရပ်များနှင့် လိုက်နာရမည့် စည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

 

အဆိုပါ ယဉ်ကျေးလိမ္မာဓမ္မစကူးလ် သင်တန်းကိုဗုဒ္ဓဝင် မင်္ဂလာတရားတော်၊ ဗုဒ္ဓ ဘာသာဝင်တို၏ လိုက်နာကျင့်သုံးရမည့် လုပ်ငန်းစဉ်များ၊ လူမှုကျင့်ဝတ်များ၊ ဗုဒ္ဓဝါဒ အဘိဓမ္မာ တရားတော်များ၊ အဆုံးအမတရားတော်များ၊ စသည့် အခြေခံဗုဒ္ဓတရားတော်များကိုကျောင်းသား၊ ကျောင်းသူများ၊ လူငယ်များ သိရှိနိုင်စေရန်အတွက် အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့ရက်များတွင် ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

ymg/NN
#Yangon_Media_Group