#Local_News
Published_8 July 2022

 

ထိုင်းနိုင်ငံသို့ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား (၃၅) ဦးကို ဇူလိုင်လ ၆ ရက်၊ ညပိုင်းတွင် ထိုင်းအာဏာပိုင်များက ဖမ်းဆီးလိုက်ကြောင်း သိရသည်။

 

ထိုင်းအာဏာပိုင်များက ထာ့ဆောင်ယန်မြို့နယ်၊ မဲ့ခမုနွဲ-ဖနော့ခီ လမ်းမပေါ်၌ မောင်းနှင်းလာသော မသင်္ကာဖွယ်ရာ မော်တော်ယာဉ် ၂ စီးကို စစ်ဆေးခဲ့ရာ အဆိုပါ တရားမဝင်မြန်မာများအာ တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

 

ပထမ မော်တော်ယာဉ်တွင် အထောက်အထားမဲ့ မြန်မာနိုင်ငံသား အမျိုးသား ၇ ဦး၊အမျိုးသမီး ၃ ဦးကိုလည်းကောင်း၊ ဒုတိယမြောက် မော်တော်ယာဉ်တွင် အမျိုးသား ၁၈ ဦး၊ အမျိုးသမီး ၇ ဦး၊ ပွဲစား ၃ ဦးတို့ကိုလည်းကောင်း စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။

 

ယင်းတို့မှာ ကရင်ပြည်နယ်၊ ဘားအံမြို့ကဖြစ်ပြီး ထိုင်းနိုင်ငံ၊ ချင်းမိုင်၊ စမွတ်ပရကန်၊ ခွန်ဘူရီ၊ ပထုန်ဌာနီမြို့များသို့ သွားရောက်လုပ်ကိုင်ရန်အတွက် လူတစ်ဦး လျှင် ဘတ်ငွေ ၂၀၀၀၀၊ ၂၅၀၀၀ အထိ ပေးဆောင်ခဲ့ရကြောင်း ထိုင်းအာဏာပိုင်များထံ ဖမ်းဆီးခံရသူများက ဝန်ခံထွက်ဆိုခဲ့ကြကြောင်း သိရသည်။

 

ယခုအခါ ထိုင်းအာဏာပိုင်များက သက်သေခံ မော်တော်ယာဉ် ၂ စီးကို သိမ်းဆည်း၍ပြီး မြန်မာနိုင်ငံသား ၃၅ ဦး နှင့် ပွဲစား ၃ ဦးတို့ကို ထာ့ဆောင်ယန်မြို့ နယ် ရဲစခန်းတွင် အမှုဖွင့်လှစ်ထားပြီး ဥပဒေအရ အရေယူဆောက်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ymg/mt
#Yangon_Media_Group