#Local_News
Published - 7 July 2022

 

ဂျာမန်ဘာသာစကား အပါအဝင်ကမ္ဘာသုံးဘာသာ စကားများကိုလေ့လာနိုင်မည့် Goethe -Institut Myanmarစာကြည့်တိုက်ကို ဇူလိုင်လကစတင်ပြီး ရန်ကုန်မြို့၊ဗဟန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းမပေါ်ရှိ Goethe -Institut Myanmar ၌ ဖွင့်လှစ်ထားကြောင်း သိရသည်၊၊

 

စာကြည့်တိုက်စဖွင့်ချိန်က တနင်္လာ၊ ဗုဒ္ဓဟူးနှင့် သောကြာနေ့ဆိုပြီး သုံးရက်ပဲဖွင့်လှစ်ခဲ့ရာမှ ယခုအချိန်တွင်စာကြည့်တိုက်ဖွင့်ရက် အင်္ဂါနေ့တစ်ရက်ထပ်တိုး ဖွင့်လှစ်လိုက်ခြင်းဖြစ်သည်၊၊

 

စာကြည့်တိုက်ဖွင့်ချိန်အသစ်များကတော့ တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူးနှင့် သောကြာမနက်ပိုင်း (၉း၃၀ မှ ၁၂း၃၀) နာရီ၊နေ့လည်ပိုင်း (၁း၃၀ မှ ၄း၀၀) နာရီတို့ဖြစ်ပြီး စာကြည့်တိုက်ကို လာရောက်မယ်ဆိုရင် လာရောက်လိုသည့် အချိန်ပိုင်းနှင့် နေ့ရက်ကို This email address is being protected from spambots. You need JavaScript enabled to view it.သို အီးမေးလ်ပေးပိုပြီး ကြိုတင်ရက်ချိန်းရယူဆောင်ရွက်နိုင်ကြောင်း သိရသည်၊၊

 

ဒီဂျစ်တယ်စာကြည့်တိုက်ကဒ်ရယူလိုသူများ www.goethe.de/myanmar/library ကနေတစ်
ဆင့် အွန်လိုင်းစာရင်းပေးသွင်းပြီး အသင်းဝင်ကတ် ပြုလုပ်နိုင်ကြောင်းသိရသည်၊၊

စာကြည့်တိုက် အသင်းဝင်ကြေးအနေဖြင့်တစ်နှစ်စာ ၅၀၀၀ ကျပ်ဖြစ်ပြီးတော့ နိုင်ငံခြားသားများကတော့ ၁၀၀၀၀ ကျပ်ဖြစ်ကာ Goethe-Institut Myanmarတွင်တက်ရောက်ခဲ့သည့်ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာကြည့်တိုက်အသင်းဝင်ကတ် အခမဲ့ပြုလုပ်နိုင်ကြောင်းသိရသည်၊၊

 

ymg/tthl
#Yangon_Media_Group