#Local_News
Published - 4 July 2022

 

ယနေ့ နံနက်ပိုင်းအချိန်တွင် ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်အတွင်း ဆောက်လက်စတိုက် ပြိုကျမှုဖြစ်ပွားခဲ့ကာ ပိတ်မိသူအများအပြားရှိခဲ့ကြောင်း ကယ်ဆယ်ရေးအသင်းများထံမှ သိရသည်။

အဆိုပါဖြစ်စဉ်မှာ ယနေ့ ဇူလိုင်လ ၄ ရက် နံနက် ၁၀ နာရီဝန်းကျင်ခန့် ရွှေပြည်သာမြိုနယ်၊ ၅ရပ်ကွက်၊ ပတ္တမြားလမ်းရှိ ဆောက်လက်စတိုက် ပြိုကျမှုဖြစ်ပွားခဲ့ပြီး မီးသတ်တပ်ဖွဲ့ဝင်များနဲ့ ကယ်ဆယ်ရေးအသင်းများမှ ကူညီမှုများဆောင်ရွက်ပေးနေကြောင်းသိရသည်။

 

ရွှေပြည်သာမြို့နယ်အတွင်း ဆောက်လက်စတိုက် ပြိုကျမှုကြောင့် ရှာဖွေကယ်ဆယ်ရေးယာဉ်များ၊ ရှာဖွေကယ်ဆယ်ရေး(အထူး)တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေပြီး ထိခိုက်ဒဏ်ရာရမှုကို မသိရှိရသေးကြောင်း မီးသတ်တပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

 

ymg/sth
#Yangon_Media_Group