#Local_News
Published_28 June 2022

 

ရခိုင်ပြည်နယ်ရေပိုင်နက်အတွင်းသို့ ဇွန်လ ၂၇ ရက်က ည ၁၀ နာရီခွဲခန့်က တရုတ်အာကာသယာဉ်၏ အစိတ်ပိုင်းအချို့ကျရောက်ခဲ့ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့က သိရသည်။

 

တရုတ်နိုင်ငံမှ လွှတ်တင်ထားသော အာကာသယာဉ်၏ မလိုအပ်သော အစိတ်အပိုင်းအချို့မှာ သံတွဲမြို့နယ်၊ နံ့သာကျွန်း၏ အနောက်တောင်ဘက် ရေမိုင် ၄၃ မိုင်ခန့်အကွာ ပင်လယ်ပြင်အတွင်းပြုတ်ကျခဲ့ကြောင်း၊ ၎င်းအစိတ်အပိုင်းပြုတ်ကျစဉ် မီးလောင်ကျွမ်းသည့် အရာဝတ္ထုပုံစံသာတွေ့ရှိရပြီး ကြာမြင့်ချိန် ၄ မိနစ်ခန့် သာရှိခဲ့ကာ တစ်စုံတစ်ရာ ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရသည်။

 

တရုတ်အာကာသယာဉ်အပိုင်းအစများမှာ ယခုနှစ်အတွင်း ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၆ ရက်မှ မတ်လ ၂ ရက်အတွင်း တစ်ကြိမ်၊ ဇန်နဝါရီလအတွင်းတစ်ကြိမ်၊ ဧပြီလ ၇ ရက်အတွင်းကတစ်ကြိမ် ကျရောက်ခဲ့ကြောင်း၊ ယင်းအပြင်၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် တစ်ကြိမ်၊ နိုဝင်ဘာလတွင် တစ်ကြိမ်၊ ၂ဝ၂ဝ ပြည့်နှစ်၊ ဒီဇင်ဘာလတွင် တစ်ကြိမ် ကျရောက်ခဲ့ဖူးကြောင်း လည်းသိရသည်။

 

ymg/mt
#Yangon_Media_Group