#LocalNews
Published_21 June 2022

 

ပြည်တွင်း စက်သုံးဆီစျေးနှုန်း တစ်လီတာလျှင် ကျပ် ၁၀၀ ကျော် ဝန်းကျင်အထိ ကျဆင်းလာကြောင်း စက်သုံးဆီဆိုင်များ၏ ထုတ်ပြန်ထားသည့်စျေးနှုန်းများအရ သိရသည်။

 

ယမန်နေ့တွင် စက်သုံးဆီအရောင်းဆိုင်များ၏ ထုတ်ပြန်ထားသည့် စျေးနှုန်းမှာ ၉၂ တစ်လီတာလျှင် ၂၂၅၀ ကျပ်၊ ၉၅ တစ်လီတာလျှင် ၂၃၄၀ ကျပ်၊ ၉၇ တစ်လီတာလျှင် ၂၅၃၅ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၂၆၉၀ ကျပ်၊ ပရီမီယံ ဒီဇယ်တစ်လီတာလျှင် ၂၇၂၀ ကျပ် ရှိခဲ့ပြီး ယနေ့ စက်သုံးဆီစျေးနှုန်းမှာ၉၂ တစ်လီတာလျှင် ၂၁၄၅ ကျပ်၊ ၉၅ တစ်လီတာလျှင် ၂၂၅၀ ကျပ်၊ ၉၇ တစ်လီတာလျှင် ၂၄၄၅ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၂၅၉၀ ကျပ်၊ ပရီမီယံ ဒီဇယ်တစ်လီတာလျှင် ၂၆၂၀ ကျပ် အထိ ကျဆင်းလာကြောင်း စျေးနှုန်းများအရ သိရသည်။

 

ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် ရည်ညွှန်းလက်ကားစျေးနှုန်းများနှင့် နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရည်ညွှန်းလက်လီစျေးနှုန်းများဖြင့်လည်း ရောင်းချပေးနေကြောင်း စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီမှ သိရသည်။

 

ymg/sth
#Yangon_Media_Group