#LocalNews
Published - 20 June 2022

 

သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားအောင် ကြိုတင်ကာကွယ်သည့်အနေဖြင့် ခြင်ဆေးဖြန်းလိုသူများအနေဖြင့် စမ်းချောင်းမြို့နယ် အရန်မီးသတ်တပ်ဖွဲ့ကို ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်းသိရသည်၊၊

 

"စမ်းချောင်းမြို့နယ်သာမက ရန်ကုန်က အခြားမြို့နယ်တွေကလည်း ဆက်သွယ်အကူအညီတောင်းခံနိုင်ပါတယ်၊၊ ခြင်ဆေးဗူးဖိုးတော့ ပြန်လှူရပါတယ်၊၊ ပြန်ဝယ်ပြီးတော့ လိုက်ဖြန်းပေးနိုင်အောင်လို့ပါ"လို့ စမ်းချောင်းမြို့နယ်အရန်မီးသတ်တပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးက YMG ကိုပြောသည်၊၊

 

ဇွန်လ(၂၀)ရက်တွင် စမ်းချောင်းမြို့နယ်အတွင်းရှိ ဦးညို(၄)လမ်း၊ ဦးညို(၆)လမ်းနှင့် စစ်ကိုင်းလမ်းရှိနေအိမ်များကို စမ်းချောင်းမြို့နယ် အရန်မီးသတ်တပ်ဖွဲ့က ဆေးဖြန်းပြီးကူညီပေးခဲ့ကြောင်းသိရသည်၊၊

 

ymg/tthl
#Yangon_Media_Group