#LocalNews
Published - 15 June 2022

 

ကိုဗစ်ကာကွယ်ဆေးအကြိမ်ပြည့်မထိုးထားသူများ၊ ကာကွယ်ဆေးထိုးလက်မှတ်အထောက်အထားမပြနိုင်သူများနှင့် (၄၈)နာရီအတွင်း ကိုဗစ်မစစ်ရသေးသူများ အနေဖြင့်ကယ်ဆယ်ရေးလေယာဉ်ဖြင့် လိုက်ပါနိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်၊၊

 

ကယ်ဆယ်ရေးလေယာဉ်တွင် နိုင်ငံခြားသားခရီးသည်များ လိုက်ပါခွင့်မရှိဘဲ မြန်မာနိုင်ငံသားများကိုသာ ခေါ်ဆောင်မည်ဟုဆိုသည်၊၊

 

ယင်းကဲ့သို့ ကာကွယ်ဆေးအကြိမ်ပြည့်မထိုးထားသူ၊ ကာကွယ်ဆေးထိုးလက်မှတ်အထောက်အထားမပြနိုင်သူများနှင့်(၄၈)နာရီအတွင်း ကိုဗစ်မစစ်ရသေးသူများ အနေဖြင့် မြန်မာနိုင်ငံကိုရောက်ရှိပြီး(၁)ရက်မြောက်နေ့တွင် RTD Test kit ဖြင့် လည်းကောင်း၊ (၃)ရက်မြောက်နေ့တွင် RT-PCR ဓာတ်ခွဲစစ်ဆေးမှုဖြင့် လည်းကောင်း စစ်ဆေးမှုခံယူရမည်ဖြစ်သည်၊၊

 

ကိုဗစ်ရောဂါပိုးတွေ့ရှိပါက ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထားသည့်ဆေးရုံများကို လွှဲပြောင်းပေးပို့ ကုသစေမည်ဖြစ်ပြီး ပုဂ္ဂလိကဆေးရုံနှင့် ဟိုတယ်များတွင် ကျန်းမာရေးစောင့်ရှောက်မှုခံယူလိုပါက မိမိစရိတ်ဖြင့် ကုန်ကျခံရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြပါရှိသည်၊၊

 

ymg/tthl
#Yangon_Media_Group