#LocalNews
Published _ 15 June 2022

 

ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ စိုက်ပျိုးရေးနှင့်မွေးမြူရေး၊ ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ယခု ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် သဘာဝပတ်ဝန်းကျင်အား ထိခိုက်မှုမရှိစေပဲ ငါးနှင့်ပုစွန်ကန် ဧရိယာ ဧက ၂၅၀၀ခန့်နှင့် ရွှံ့ကဏန်း ထိန်းသိမ်းရေး ဧရိယာ ဧက ၁သောင်းကျော် ဖော်ထုတ်ထိန်းသိမ်းနေကြောင်း သိရသည်။

 

"စိုက်ပျိုးရေးနှင့် မွေးမြူရေး ကဏ္ဍဟာနိုင်ငံရဲ့ အဓိကအရေးပါတဲ့ ကဏ္ဍတစ်ခုဖြစ်တာကြောင့် ငါးလုပ်ငန်းဦးစီးဌာနအနေနဲ့ ငါးမွေးမြူရေးနည်းစနစ်များ ပြန့်ပွားအောင်ဆောင်ရွက်နေလျှက်ရှိပါတယ်။ ငါးသားပေါက်စခန်းတွေက နိုင်ငံ့ဝင်ငွေ အတော်အသင့်ရရှိတဲ့ လုပ်ငန်းတွေဖြစ်တာကြောင့် ပိုမိုတိုးချဲ့ဆောင်ရွက်ဖို့လိုကြောင်း" စိုက်ပျိုးရေးနှင့်မွေးမြူရေး၊ ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး ကပြောကြားခဲ့သည်။

 

ဇွန်လ ၁၄ရက်က ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနသို့ သွားရောက်စဥ် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

 

အဆိုပါ ဦးစီးဌာနအနေဖြင့် လက်ရှိ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ရေထွက်ပစ္စည်း ပြည်ပတင်ပို့မှုအခြေအနေများနှင့် မျိုးကောင်း မျိုးသန့်သားပေါက် ထုတ်လုပ်မှုလုပ်ငန်းစဥ်များကို ဒုတိယဝန်ကြီးထံ တင်ပြခဲ့ကြောင်း သိရသည်။

 

ymg/NN
#Yangon_Media_Group