#LocalNews
Published - 9 June 2022

 

ပြည်တွင်း၌ ကြက်သွန်လက်ကျန်နည်းနေသဖြင့် ဈေးဆက်မြင့်ဦးမည်ဖြစ်ကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင်မှ ဥက္ကဌ ဦးခင်ဟန်က YMG ကို ပြောသည်။

 

"ကြက်သွန်ပြည်တွင်းလက်ကျန်နည်းနည်း နည်းနေတယ်။ လက်ကျန်နည်းတယ်ဆိုတာထက် ထိန်းပြီးတင်နေကြတာ။ ပစ္စည်းကရှိတယ်။ ထိန်းပြီးတင်နေကြလို။ အများကြီးရှိတယ်။ အကြီးဆုံးက ၁၆၀၀ အသေးက ၁၁၀၀၊ နည်းနည်းပါးပါးတော့ ဈေးတတ်တာရှိနေအုံးမယ်။ ဈေးက တော့မြင့်နေအုံးမယ်" ဟုဦးခင်ဟန်ကပြောသည်။

 

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်တွင် ကြက်သွန်စိုက်တောင်သူနှင့် ကုန်သည်များ အရှုံးပေါ်ခဲ့ပြီး သွင်းအားစုနှင့် စက်သုံးဆီဈေး အဆမတန် မြင့်တက်မှုကြောင့် ယခုနှစ်တွင် ဧကလျှော့ပေါ့ စိုက်ပျိုးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

 

တောင်သူများမှ ရောင်းချသည့် ဈေးနှုန်းသည် တစ်ပိဿာ ၁၀၀၀ ဝန်းကျင်နှုန်းထားဖြစ်သဖြင့် ပြည်တွင်းဈေးကွက် တွင် ကြက်သွန်တစ်ပိဿာလျှင် ကျပ်ငွေ ၁၀၀၀ မှ ၁၆၀၀ ဝန်းကျင်အထိ ပေါက်ဈေးရှိကြောင်း သိရသည်။

 

ပြည်တွင်းကြက်သွန်များကို ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယ၊ ထိုင်းနှင့် မလေးရှားနိုင်ငံများသို့ တင်ပို့ရောင်းချနေခြင်းဖြစ်ပြီး ယခုနှစ်တွင် ဘင်္ဂလားဒေ့ရှ်မှ ဝယ်ယူမှု နည်းကြောင်း သိရသည်။

 

ymg/sth
#Yangon_Media_Group