#LocalNews
Published -28 May 2022

 

တရုတ်နိုင်ငံမှလှူဒါန်းသည့် ကာကွယ်ဆေး(၁၀)သန်းအနက် နောက်ဆုံးပေးပို့ဖို့ကျန်ရှိတဲ့ကာကွယ်ဆေး (၅)သန်းကိုမေလ(၂၉) ရက်မှာ ပို့ဆောင်ပေးမှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်လိုက်ပါတယ်၊၊

တရုတ်နိုင်ငံကလှူဒါန်းတဲ့ Vaccine ဆေးထိုးအပ် (၅.၄၂) သန်းဟာမေလ (၂၈)ရက်မှာ ရောက်ရှိခဲ့ပြီ ဖြစ်ပါတယ်၊၊

 

တရုတ်နိုင်ငံမှမြန်မာနိုင်ငံသို့ လှူဒါန်းတဲ့ အသစ်တစ်သုတ် ကိုဗစ်-၁၉ Vaccine(၁၀)သန်းနဲ့ Vaccine ဆေးထိုးအပ်(၁၃) သန်းဟာ မေလ ၁၈ ရက်နေ့မှစပြီး အသုတ်ခွဲကာ ရှေ့ဆင့် နောက်ဆင့်ပို့ဆောင်ရောက်ရှိလျက်ရှိတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါရှိပါတယ်၊၊

 

ymg/tthl
#Yangon_Media_Group