#LocalNews
Published - 28 May 2022

 

ပညာရေးဝန်ကြီးဌာနမှ ကျောင်းအပ်နှံခြင်းနှင့် ပတ်သက်၍ ငွေကြေးကောက်ခံမှုမပြုလုပ်ရန် ညွှန်ကြားထားပြီး မြေပြင်အခြေအနေတွင် ကောက်ခံမှုရှိနေပါက ပညာရေးဝန်ကြီးဌာနသို့ တိုင်ကြားနိုင်ကြောင်း အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခင်မောင်ထွေးကပြောသည်။

 

"အပြင်မှာကြားနေရတဲ့သတင်းတွေက အကုန်ဆန့်ကျင်ဘက်ဖြစ်နေတာပေါ့။ ကျွန်တော်တို့ညွှန်ကြားချက်ထဲမှာ အဲဒါတွေမပါဘူး။ ထောက်ခံချက်ဆိုတာက ရန်ကုန်လိုဧရိယာမှာတော့ရှိတယ်။ ကိုယ့်ဧရိယာ သူ့ဧရိယာမကျော်ရဘူးလေ။ အဲ့လိုလေးသတ်မှတ်ချက်တော့ရှိတယ်။ အချိန်မရွေးတိုင်ကြားလို့ရတယ်။ တိုင်ကြားလို့အမှန်တကယ် ဖြစ်နေရင် နိုင်ငံ့ဝန်ထမ်းဥပဒေ နည်းဥပဒေတွေနဲ့ အရေးယူဆောင်ရွက်သွားမယ်" ဟု ယင်းကပြောသည်။

 

၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ကျောင်းအပ်နှံမှု ပိုမိုများပြားလာပြီး ရာနှုန်းပြည့်နီးပါးအပ်နှံမည်ဟု ခန့်မှန်းထားပြီး အစိုးရစာသင်ကျောင်းအပါအဝင် ကိုယ်ပိုင်အထက်တန်းကျောင်းများတွင်လည်း အပ်နှံမှုပိုများလာကြောင်း၊ ယခုပညာသင်နှစ်အတွက် သင်ကြားမှုဆရာ ဆရာမအင်အားလျော့နည်းမှုမရှိစေရန် သင်တန်းဆင်းဆရာဆရာမများကိုခန့်အပ်ထားပြီး သတင်းစာကြော်ငြာတွင်လည်း မူလတန်း၊ အလယ်တန်း၊ အထက်တန်း အတွက် ဆရာဆရာမများခေါ်ယူခန့်အပ်ရန် စီစဥ်ထားကြောင်း သိရသည်။

 

ymg/sth
#Yangon_Media_Group