#LocalNews
Published -27 May 2022

 

၂၀၂၂ခုနှစ်နှစ်ဆန်းတစ်ရက်နေ့ဧပြီလ(၁၇)ရက်မှမေလ (၂၅)ရက်အတွင်း နိုင်ငံတကာလေကြောင်းခရီးဖြင့် ပြည်တွင်းခရီးသွား(၂၀၆၅၇) ဦးနှင့် ပြည်ပနိုင်ငံခြား သားခရီးသွား (၅၅၆၁) ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်၊၊

 

မေလ(၂၆)ရက်က နေပြည်တော်မှာပြုလုပ်တဲ့ နစကရဲ့ အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ကော်မတီအစည်းအဝေးမှ သိရတာပါ၊၊

 

အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီအစည်းအဝေးမှာ အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဥက္ကဌ နစကဒုက္ကဌ ဒုတိယဝန်ကြီးချုပ်ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက အမှာစကားပြောကြားရာမှာ ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်၊၊

 

လတ်တလောမှာ မြန်မာနိုင်ငံမှာတစ်ရက်ကို ပျှမ်းမျှလေကြောင်းလိုင်း(၉) လိုင်း၊ လေယာဥ်ခရီးစဥ်(၂၈၂) ခေါက်ပြေးဆွဲနေပြီး မြန်မာနိုင်ငံရဲ့ခရီးသွားလုပ်ငန်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်၊၊

 

မြန်မာနိုင်ငံအနေနဲ့ ၂၀၁၉ ခုနှစ်မှာ ပြည်ပခရီးသွားဝင်ရောက်မှု (၄ ဒဿမ ၃၆သန်း)နဲ့ဝင်ငွေကန်ဒေါ်လာ ၂၈၂၁ ဒဿမ၇၅သန်းရရှိခဲ့ပြီး၊ ကိုဗစ်ဖြစ်ပွားမှုကြောင့် ၂၀၂၀ခုနှစ်မှာ (သုည ဒဿမ ၉၀ သန်း) သာဝင်ရောက်ခဲ့သလို ၂၀၂၁ ခုနှစ်မှာလည်း ကိုဗစ်ကြောင့် (သုညဒဿမ၁၃သန်း) သာဝင်ရောက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်၊၊

 

ymg/tthl
#Yangon_Media_Group