#LocalNews
Published_24 May 2022

 

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ကန်ပြင်ကျေးရွာတွင် နေထိုင်သော အသက် ၂၁ နှစ် နှင့် ၁၈ နှစ်အရွယ်ရှိ ဇနီးမောင်နှံနှစ်ဦး တစ်ပြိုင်နက်တည်းကြိုးဆွဲချသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

"ဒီနေ့မေလ ၂၄ ရက် မနက်ကမှ သိရတာ၊ ကောင်လေးက ထွန်းအေးကျော်၊ ကောင်မလေးက အသက် (၁၈)နှစ်ပဲ ရှိသေးတယ်။ မယုယုလှိုင်တဲ့။ ဘာကြောင့် သေရတယ်ဆိုတာတော့ မသိဘူး"ဟု ဒေသခံတစ်ဦးကပြောသည်။

 

အဆိုပါ ဇနီးမောင်နှံမှာ မကြာသေးခင်ကမှ ထိုင်းနိုင်ငံတွင်အိမ်ထောင်ကျ၍ ပြန်လာခဲ့ကာ မောင်ထွန်းအေးကျော်၏နေအိမ်တွင် နေထိုင်ကြခြင်းဖြစ်ကြောင်း၊ ယင်းတို့နှစ်ဦးရုပ်အလောင်းကို စစ်တွေဆေးရုံကြီး၏ ရင်ခွဲရုံတွင်ရင်ခွဲစစ်ဆေး၍ စစ်တွေမြို့သုဿန်တွင် ညနေ ၅ နာရီ အချိန် မီးသင်္ဂြိုလ်ခဲ့ကြောင်း သိရသည်။

 

ymg/mt
#Yangon_Media_Group