#LocalNews
Published_18 May 2022

 

ကချင်ပြည်နယ်၊ ဗန်းမော်အကျဉ်းထောင်မှ ပြန်လွတ်လာသော တရုတ်နိုင်ငံသား ၁၄ ဦးအား မေလ ၁၆ ရက်က ပြည်နှင်ဒဏ်ပေးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သိရသည်။

 

ဗန်းမော်ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ အကျဉ်းဦးစီးဌာနတာဝန်ရှိသူများက မိုးမောက်မြို့နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနထံ လွှဲပြောင်းကာ အမည်မည်းစာရင်း (Black List) ရေးသွင်း၍ ပြည်နှင်ဒဏ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ယင်း တရုတ်နိုင်ငံသား ၁၄ ဦးမှာ လွန်ခဲ့သော ၂၀၂၁ ခုနှစ် ဧပြီလ ၂၀ ရက်က လွယ်ဂျယ်မြို့၊ ရပ်ကွက်(၃)ရှိ နေအိမ်တစ်အိမ်၌ တရားမဝင် ဝင်ရောက်နေထိုင်မှုဖြင့် ဖမ်းဆီးခံခဲ့ရကာ မိုးမောက်မြို့နယ်တရားရုံးက အလုပ်နှင့် ထောင်ဒဏ် ၁ နှစ်စီ ချမှတ်ခံခဲ့ရခြင်းဖြစ်သည်။

 

ymg/mt
#Yangon_Media_Group