#LocalNews
Published_11 May 2022

 

တရုတ်-မြန်မာနိုင်ငံတကာလမ်းကြောင်းကြီး၏ အဓိကအစိတ်အပိုင်းဖြစ်သော တာလီ-ရွှေလီရထားလမ်း (တာလီမှပေါင်စန်းအထိ) အပိုင်းကို ခင်းသည့်လုပ်ငန်းပြီးစီးပြီဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်လိုက်သည်။

 

တာလီမှပေါင်စန်းလမ်းပိုင်းသည် စုစုပေါင်းအရှည် ၁၃၃ ကီလိုမီတာရှိပြီး ဥမင်လိုဏ်ခေါင်းပေါင်း ၂၁ ခု၊ တံတား ၃၆ ခုရှိကာ တံတားဥမင်လိုဏ်ခေါင်းအချိုးအဆမှာ ၈၆ ဒသမ ၅ ရာခိုင်နှုန်းရှိကြောင်း၊ မြေဆီလွှာအခြေအနေအလွန် ရှုပ်ထွေးပြောင်းလဲလွယ်သောကြောင့် တည်ဆောက်မှုကာလ ၁၄ နှစ်ကြာမြင့်ခဲ့ကြောင်းသိရသည်။

 

ယခုအခါ တာလီမှပေါင်စန်းအထိ လမ်းပိုင်း၏ အခြေခံအဆောက်အအုံ၊ တံတားတည်ဆောက်ရေးစီမံကိန်းများ ရာခိုင်နှုန်းအပြည့် ပြီးဆုံးသွားပြီဖြစ်ကြောင်း ၊ဘူတာရုံအခန်းတည်ဆောက်မှုလုပ်ငန်းလည်းအခြေခံအားဖြင့် ပြီးစီးသွားပြီဖြစ်‌သောကြောင့်ယခုနှစ်အတွင်း၌ဖွင့်လှစ်လည်ပတ်နိုင်မည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

 

တာလီ-ရွှေလီရထားလမ်း စုစုပေါင်းအရှည်မှာ ၃၃၀ ကီလိုမီတာရှည်ပြီး တံတားဥမင်လိုဏ်ခေါင်းအချိုးအဆသည် ၇၆ ဒသမ ၅ ရာခိုင်နှုန်း
ရှိကာ လမ်းကြောင်းတစ်လျှောက်တွင် တာလီမှပေါင်စန်း၊ ပေါင်စန်းမှရွှေလီအထိ အပိုင်းလိုက်တည်ဆောက်သည့်ပုံစံဖြင့် ဖော်ဆောင်ထားကြောင်းသိရသည်။

 

ymg/mt

#Yangon_Media_Group