#LocalNews
Published -10 May 2022

 

IGCSE, GED နဲ့ တက္ကသိုလ်၀င်စာမေးပွဲဖြေဆိုထားပြီးဖြစ်တဲ့ ကျောင်းသူကျောင်းသားတွေနဲ့ ဖြေဆိုဖို့ ပြင်ဆင်နေတဲ့ ကျောင်းသူကျောင်းသားတွေအနေနဲ့ အမေရိကန်နိုင်ငံမှာ ပညာသင်ယူဖို့ပညာသင်ဆု (Scholarship) လျှောက်ထားနိုင်တယ်လို့ American University of Yangonမှ သိရပါတယ်၊၊

 

မြန်မာနိုင်ငံမှာနှစ်နှစ် အမေရိကန်နိုင်ငံမှာနှစ်နှစ် ပညာသင်ယူရမယ့် 2+2 ပရိုဂရမ်မှာ ပညာသင်ယူလိုသော ကျောင်းသား၊ ကျောင်းသူများ online စကော် လာရှစ် စာမေးပွဲများ ဖြေဆိုနိုင်ပြီဖြစ်တယ်လို့ ဆိုပါတယ်၊၊

 

online စကော်လာရှစ် စာမေးပွဲကတော့ မေလ ၁၂ရက်၊ ၁၉ ရက် နဲ့ ၂၆ ရက်မှာ နံနက်၁၀နာရီမှ ၁၂ နာရီနဲ့ ညနေ ၁ နာရီမှ ၃ နာရီအတွင်းရှိမှာ ဖြစ်ပါတယ်၊၊

 

merit-based ဖြစ်တဲ့အတွက် ပညာသင်ဆု ဒေါ်လာ ၅၀၀၀ (MMK သိန်း ၈၀) ကို IGCSE, GED နဲ့ တက္ကသိုလ်၀င်စာမေးပွဲဖြေဆိုပြီးတဲ့ ကျောင်းသူ၊ ကျောင်းသားတွေနဲ့ ဖြေဆိုဖို့ ပြင်ဆင်နေတဲ့ ကျောင်းသူ၊ ကျောင်းသားတွေကို ပံ့ပိုးပေးသွားမှာဖြစ်တယ်လို့သိရပါတယ်၊၊

 

ပညာသင်ဆုအစီအစဉ်ကို လျှောက်ထားချင်တယ်ဆိုရင်တော့ https://forms.gle/LkayS17Ffu5wTbxbA မှာစာရင်းပေးသွင်းနိုင်မှာဖြစ်ပါတယ်၊၊

 

ymg/tthl
#Yangon_Media_Group