#LocalNews
Published_9 May 2022

 

ရခိုင်ပြည်နယ် ကျောက်တော်မဟာမုနိစစ်ဘေးရှောင်စခန်းတွင် ယနေ့ မေလ ၉ ရက် နံနက် တစ်နာရီခန့်အချိန်က မီးလောင်မှုဖြစ်ပွားခဲ့သောကြောင့် နေအိမ် ၄၃၂ ရှိသည့်အနက် နေအိမ် ၂၆၀ ကျော် ဆုံးရှုံးသွားကြောင်း သိရသည်။

 

"လက်ရှိအနေအထားကတော့ နေရာချဖို့ သက်ဆိုင်ရာက စီစဉ်မှာပါ။အခုတော့ စာသင်ကျောင်းနဲ့ ရထားဘူတာရုံအဆောင်မှာ နေကြတယ်။လူတွေတော့ ဘာမှမဖြစ်ဘူး။ဒါပေမယ့် အကူအညီတွေလိုနေပါတယ်"ဟု ဒေသခံတစ်ဦးက ပြောသည်။

 

ရခိုင် ပြည်နယ်မီးသတ်ဦးစီးဌာနက ယင်းမီးလောင်မှုမှာ နေအိမ်တစ်ခု၏ မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် ဝါးထရံကို ကူးစက်လောင်ကျွမ်းရာမှာ အခြားနေအိမ်များသို့ ကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း၊ဆုံးရှုံမှုတန်ဖိုးကို တွက်ချက်နေကြောင်း ထုတ်ပြန်ထားကြောင်း သိရသည်။

 

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် မတ်လ ၁၇ ရက်ကလည်း မြောက်ဦးမြို့နယ်၊ တိမ်ညိုစစ်ဘေးရှောင်စခန်းတွင် အိမ်ခြေ ၆၆၀ ကျော် မီးလောင်ဆုံးမှုဖြစ်ပွားခဲ့သေးသည်။

 

ymg/mt
#Yangon_Media_Group