#LocalNews
Published - 6 May 2022

 

မကြာမီ ကာလအတွင်း မိုးရာသီကျရောက်တော့မှာဖြစ်တဲ့အတွက် မိုးရာသီမှာဖြစ်ပေါ်တတ်တဲ့ သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေကို ကျိုက်ခမီမြို့တွင် ကြက်ခြေနီအဖွဲ့တွေက စတင်ဆောင်ရွက်နေပြီဖြစ်ပါတယ်၊၊

 

မေလ(၄)ရက်နေ့က မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက်ခမီမြို့ရှိ ရပ်ကွက်များအတွင်း နေအိမ်တွေမှာ သွေးလွန်တုပ်ကွေးရောဂါ အသိပညာပေးတာတွေ ဆောင်ရွက်ခဲ့ပါတယ်၊၊

 

ဒီ့အပြင်ရပ်ကွက်များအတွင်းရှိ ရေတွင်း၊ ရေကန်၊ ရေစည်တွေကို ဖုံး၊ သွန်၊ လဲ၊ စစ် ဆောင်ရွက်ပေးခြင်း၊ အဘိတ်ဆေးခပ်ခြင်းများကိုလည်း ကြက်ခြေနီတွေက သွားရောက်ဆောင်ရွက်ပေးခဲ့ကြတယ်လို သိရပါတယ်၊၊

 

ymg/tthl
#Yangon_Media_Group