#LocalNews
Published - 5 May 2022

သီတဂူဆရာတော် ကျောက်တလုံးကြီးမြို့သို့ကြွရောက်ခဲ့စဥ် ပအိုဝ်းငြိမ်းချမ်းရေးအဖွဲ့ခေါင်း ဆောင်နှင့် တာဝန်ရှိသူများက ကြိုဆိုဖူးမျှော်ခဲ့ကြတယ်လို့ သိရပါတယ်။

 

သီတဂူဆရာတော်သည် မေလ ၄ ရက် နေ့က ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီးမြို့သို့ကြွရောက်ခဲ့တာဖြစ်ပြီး ရှမ်းပြည်နယ်တောင်ပိုင်းက ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် (PNO)ငြိမ်းချမ်းရေးအဖွဲ့ အသွင်ပြောင်း ဌာနေပြည်သူ့စစ်အဖွဲ့ နာယက ဦးအောင်ခမ်းထီရဲ့ နေအိမ်သို့လည်း ကြွရောက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

 

သီတဂူဆရာတော်နှင့် ပအိုဝ်းအမျိုးသားခေါင်းဆောင်တို့သည် ရန်ကုန်တွင် သိကျွမ်းဝင်ခဲ့ကြပြီး အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာသို့လည်း အတူတကွ သွားရောက်ဖူးမျှော်ခဲ့ဖူးကြောင်း သီတဂူသတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

 

သီတဂူဆရာတော်၏ ကျောက်တလုံးကြီးမြို့ ခရီးစဥ်ပုံရိပ်များကိုလည်း ယခုလိုတွေ့မြင်ရမှာဖြစ်ပါတယ်။

 

ဓါတ်ပုံ - သီတဂူ စတား

 

ymg/kg
#Yangon_Media_Group