#Local_News
Published_ 3 May 2022

 

တောင်ကိုရီးယားနိုင်ငံက မြန်မာလုပ်သား ၁၃၅ ဦးကို ထပ်မံခေါ်ယူခဲ့တယ်လို့ ဆိုးလ်မြို့ရှိ မြန်မာသံရုံးက သတင်းထုတ်ပြန်ထားပါတယ်။

 

မေ ၃ ရက် ဒီကနေ့တွင် Re-entry လုပ်သား ၁၀၇ ဦးနှင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်သားအဖြစ် အသစ်ဝင်ရောက်လုပ်ကိုင်မည့် လုပ်သားသစ် ၂၈ ဦး စုစုပေါင်း ၁၃၅ ဦးတို့ဟာ ရန်ကုန်မှအင်ချွန်း အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

 

ဧပြီလအတွင်းကလည်း တောင်ကိုရီးယားနိုင်ငံက မြန်မာလုပ်သား ၃၁၀ ကျော် ခေါ်ယူခဲ့တယ်လို့ ဆိုးလ်မြို့ရှိ မြန်မာသံရုံးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

မြန်မာလုပ်သားတွေကို မြန်မာသံရုံး၊ ဆိုးလ်မြို့မှ အလုပ်သမားသံအရာရှိက ကြိုဆို၍ အလုပ်သမားများ သိရှိလိုက်နာသင့်သည့်အချက်များကို မှာကြားခဲ့ပြီး လိုအပ်တာတွေ ကူညီပံ့ပိုးပေးခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

ymg-mnn
#Yangon_Media_Group