#LocalNews
Published - 2 May 2022

 

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ဘုန်းတော်ကြီးကျောင်းများနှင့် ဘိုးဘွားရိပ်သာများသို့ ကပ်ရောဂါကာကွယ်ရေးပစ္စည်းများကို ပေးအပ်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

 

အဆိုပါ လှူဒါန်းပေးအပ်မှုကို ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး တရုတ်သံရုံးက မြန်မာ-တရုတ် ဗုဒ္ဓဘာသာ ချစ်ကြည်နှီးနှောဖလှယ်ရေးအဖွဲ့မှတစ်ဆင့် ဘုန်းတော်ကြီးကျောင်း (၄၉)ကျောင်း၊ ဘိုးဘွားရိပ်သာ (၁၂)ခု ၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနတို့ထံ နှာခေါင်းစည်း (၃၆၀,၀၀၀)ခုတို့ကို ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

 

ယခုလို လှူဒါန်းပေးအပ်ခဲ့တာဟာ မြန်မာပြည်သူများ ကပ်ရောဂါအတွက် ကိုယ်ခံအား အတားအဆီးကို မြှင့်တင်ပေးခြင်းဖြစ်ကာ ကပ်ရောဂါကာကွယ်ရေးရလဒ် ခိုင်မာစေရန်ဖြစ်တယ်လို့လည်း တရုတ်သံရုံး၏ ဒီကနေ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။

 

ဓါတ်ပုံ - မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး

 

ymg/kg
#Yangon_Media_Group