#LocalNews
Published-28 April 2022

 

လာမယ့်မေလ(၈)ရက်မတိုင်မီ မုန်တိုင်းဖြစ်လာနိုင်ခြေရှိတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ညွှန်ကြားရေးမှူးဦးလှထွန်းက သတိပေးပြောကြားလိုက်ပါတယ်၊၊

 

လာမယ့် မေလအတွင်း လေဖိအားနည်းရပ်ဝန်း(၃) ကြိမ်ဖြစ်နိုင်ပြီး နှစ်ကြိမ်မှာ အားကောင်းပြီး မုန်တိုင်းဖြစ်လာနိုင်ခြေရှိတယ်လို့ ဆိုပါတယ်၊၊

 

လတ်တလောမှာတော့ မြန်မာ့ပင်လယ်ပြင်မှာ လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်မှုတွေ မရှိသေးပေ မယ့်လည်း မေလ(၈)ရက်မတိုင်မီ မုန်တိုင်းဝင်နိုင်ခြေရှိတယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနအနေနဲ့ ခန့်မှန်းထားတယ်လို့ ၊ညွှန်ကြားရေးမှူးဦးလှထွန်းက သတိပေးပြောကြားပါတယ်၊၊

 

မုတ်သုန်မဝင်မီ လေဖိအားနည်းရပ်ဝန်းတွေဖြစ်ပြီး မုန်တိုင်းဖြစ်ပေါ်လာနိုင်ခြေရှိသလို မေလအတွင်းမှာ နာဂစ်မုန်တိုင်းဖြစ်ခဲ့ဖူးတဲ့အတွက် အထူးသတိပြုစောင့်ကြည့်ရမှာဖြစ်တယ်လို့ သိရပါတယ်၊၊

 

ymg/tthl
#Yangon_Media_Group