#LocalNews
Published-27 April 2022

 

တစ်နိုင်ငံလုံးအတိုင်းအတာအသက်(၁၅)နှစ်ကနေအသက်(၁၈)နှစ်အတွင်းရည်မှန်းလူဦးရေ(၃)သန်းကျော်ရှိပြီး ကိုဗစ်ကာကွယ်ဆေးထိုးနှံဖို့ ကျန်ရှိနေသေးတဲ့သူတွေကိုကာကွယ်ဆေးဆက်လက်ထိုးနှံပေးသွားမှာဖြစ်တယ်လို့ သတင်းမှန်ပြန်ကြားရေးအဖွဲ့ခေါင်းဆောင်၊ပြန်ကြားရေးဝန်ကြီးဌာန၊ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းစာရှင်းလင်းပွဲမှာထည့်သွင်းပြောခဲ့ပါတယ်၊၊

 

"အသက်(၁၅)နှစ်နဲ့ (၁၈)နှစ်အထိရည်မှန်းလူဦးရေ (၃)သန်းကျော်ရှိတဲ့အနက် အသက်(၁၂)နှစ်ကနေ (၁၈)နှစ်အတွင်း ကျောင်းသား၊ကျောင်းသူ (၁.၅)သန်းကျော်ကာကွယ်ဆေးထိုးပေးခဲ့ပြီးဖြစ်တဲ့အတွက် အသက်(၁၅)နှစ်ကနေ(၁၈)နှစ်အတွင်း ကျောင်းသား၊ကျောင်းသူ(၇)သိန်း(၉)သောင်းကျော် ကာကွယ်ဆေးထိုးပေးပြီးပြီလို့ ခန့်မှန်းလို့ရပါတယ်၊၊

ပြည်သူလူထုအတွင်းမှာတော့အသက်(၁၅)နှစ်ကနေ (၁၈)နှစ်အတွင်း (၂.၂)သန်းကျော်ကာကွယ်ဆေးထိုးဖို့ကျန်နေပါတယ်၊၊တစ်နိုင်ငံလုံးအတိုင်းအတာ အသက်(၁၅)နှစ်ကနေ(၁၈)နှစ်အတွင်းကိုဗစ်ကာကွယ်ဆေးထိုးနှံနိုင်ဖို့ ပထမအကြိမ်ဧပြီလ(၁၇)ရက်ကနေဧပြီလ(၂၃)ရက် အထိဒုတိယအကြိမ်မေလ(၂၄)ရက်ကနေဇွန်လ(၂၀)ရက်အတွင်းထိုးပေးသွားဖို့ လျာထားပါတယ်"လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းစာရှင်းလင်းပွဲမှာပြောခဲ့ပါတယ်၊၊

 

ကိုဗစ်ကာကွယ်ဆေးနဲ့ပတ်သက်လို့ တစ်နိုင်ငံလုံးအတိုင်းအတာ ဧပြီလ(၂၄)ရက်အထိစာရင်းတွေအရ ကိုဗစ်ကာကွယ်ဆေးဝယ်ယူ၊လှူဒါန်း၊ရရှိမှု Doseစုစုပေါင်း(၆၆.၁၃)သန်းကျော်ရှိပြီး(၅၃.၇၅) သန်းကျော်ထိုးနှံပေးခဲ့ပြီးဖြစ်တယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းပြောပြချက်အရ သိရပါတယ်၊၊

 

ymg/tthl
#Yangon_Media_Group