#LocalNews
Published - 19 Apr 2022

 

ရန်ကုန်တိုင်းဒေသကြီး၊သန်လျင်မြို့နယ်တွင် ဧပြီလ ၁၈ရက်နေ့ ညနေပိုင်းကစတင်ကာ သန်လျင်မြို့နယ်တွင် ဆိုင်ကယ်စီးနှင်းမှုကို နှစ်ယောက်စီးနှင်းခွင့်ပိတ်ပင်လိုက်တယ်လို့ သိရပါတယ်။

 

ဧပြီ လ ၁၈ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပွားခဲ့ပြီး လူသေဆုံးထိခိုက်မှုများဖြစ်ပေါ်ခဲ့ ပြီး သန်လျင်မြို့နယ်တွင် နှစ်ကြိမ်ထိပစ်ခတ်တိုက်ခိုက်မှုဖြစ်ပေါ်ခဲ့တာကြောင့် ပိတ်ပင်လိုက်တာလို့ သန်လျင်ဒေသခံတစ်ဦးက ပြောပါတယ်။

 

ဧပြီလ ၁၈ ရက်နေ့နံနက် ၉နာရီ ၄၅ မိနစ်အချိန်က ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊အမှုထမ်းရပ်ကွက်၊ ဓမ္မရောင်ခြည်လမ်းတွင်လေပေးစက်ပြုပြင်သူ ဦးဇော်မင်းထွန်းသည် ဇနီးဖြစ်သူနှင့်အတူ နေအိမ်ရှေ့ရပ်ထားသည့် လိုက်ထရပ်ယာဉ်နောက်ခန်းတွင်ထိုင်နေစဉ် ဓမ္မရောင်ခြည်လမ်းအတိုင်းမောင်းလာသည့် ဆိုင်ကယ်တစ်စီးပေါ်တွင် နောက်မှလိုက်လာသူက သေနတ်ဖြင့်ခြောက်ချက်ပစ်ခတ်သွားသဖြင့် ဦးဇော်မင်းထွန်းမှာဦးခေါင်း၊ ဝမ်းဗိုက်၊ ပေါင်တို့တွင် ထိမှန်ဒဏ်ရာလေးချက်ဖြင့် အခင်းဖြစ်နေရာတွင်ပင် သေဆုံးသွားပါတယ်။

 

ထပ်မံပြသန်လျင်မြို့နယ်၊ ဘုရားကုန်းအုပ်စု၊ ဘုရားကုန်း ကျေးရွာ၊ ဘုရားကုန်းမီးပွိင့်လမ်းဆုံအနီးတွင် ဧပြီလ ၁၈ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန်တွင် ဆိုင်ကယ် ကယ်ရီသမားတစ်ဦးကို သေနတ်ဖြင့်ပစ်ခတ်သွားခဲ့ပြီး သေဆုံးသူမှာ သန်လျင်မြို့နယ်၊ ကညင်ပင်ရပ်ကွက်၊ ကညင်ပင် ၂ လမ်းနေ ဆိုင်ကယ်ကယ်ရီမောင်းနှင့် အရန်မီးသတ်ဖြစ်သူ လှဆန်းဦး (၃၄) နှစ်ဖြစ်ပြီး ၎င်းသည် သန်လျင်-ကျောက်တန်းလမ်းနှင့် သန်လျင်-သုံးခွ လမ်းဆုံ၊ ဘုရားကုန်းမီးပွိင့်ရှိ ယာဉ်ထိန်း Police Box အနီး ဆိုင်ကယ်ကယ်ရီဂိတ်တွင် ခရီးသည် စောင့်ဆိုင်းနေစဉ် ဆိုင်ကယ်တစ်စီးဖြင့် လူ ၂ ဦးက သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားသဖြင့် ဝဲရင်အုံ ထိမှန်ဒဏ်ရာ ၁ ချက်၊ ဝဲချိုင်းအောက် ထိမှန်ဒဏ်ရာ ၁ ချက် နှင့် ဝမ်းဗိုက် ယာဘက် ထိမှန်ဒဏ်ရာ ၂ ချက်တို့ရရှိခဲ့သဖြင့် အခင်းဖြစ်ရာတွင် သေဆုံးခဲ့တဲ့ဖြစ်စဥ်တွေ ဖြစ်ပွားခဲ့ပါတယ်။

 

ymg/hm
#Yangon_Media_Group