#LocalNews
Published -18 April 2022

 

ဘရိတ်ပေါက်တဲ့ကားတစ်စီးက ဆိုင်ကယ်တစ်စီးကို ၀င်ရောက်တိုက်မိခဲ့ပြီး ထိုမှတစ်ဆင့် လမ်းဘေးရှိ လူနေအိမ်ကိုပါ ထပ်မံဝင်ရောက်တိုက်မိခဲ့သည့် ယာဥ်တိုက်မှုဖြစ်စဥ်တစ်ခု ဒီကနေ့ နံနက်ပိုင်းက မော်လမြိုင်မြို့မှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

 

ဖြစ်စဥ်မှာ ယနေ့ ဧပြီ ၁၈ ရက်၊ နံနက် ၁၁ နာရီ အချိန်ခန့်က မော်လမြိုင်မြို့ စျေးကြိုမီးပွိင့် သီရီမြိုင်ဘက်အဆင်းလမ်း(ကညန)ရုံးနားတွင် (၆)ဘီး ကုန်တင်ဒိုင်နာယာဥ်တစ်စီး ဘရိတ်ပေါက်၍ ထိုးဆင်းလာပြီး ဆိုင်ကယ်တစ်စီးနှင့် လူနေအိမ်ကို ဝင်ရောက်တိုက်မိခဲ့တာဖြစ်ပါတယ်။

 

အဆိုပါ ဖြစ်စဥ်ကြောင့် လူတစ်ဦး(အမျိုးသားတစ်ဦး) ထိခိုက်ဒဏ်ရာရခဲ့ပြီး ဒေသခံလူမှုကယ်ဆယ်ရေးအသင်းတွေက ဒဏ်ရာရလူနာကို မော်လမြိုင်ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ရတယ်လို့ သိရပါတယ်။

 

Photo - ရာမညအရေးပေါ်လူမှုကယ်ဆယ်ရေးအဖွဲ့

ymg/kg
#Yangon_Media_Group