Published 16 April 2022

ဧပြီလ(၁၆)ရက် မြန်မာသင်္ကြန်အတက်နေ့က မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်တပ်နယ်ရှိ မိသားစုရေသဘင်မဏ္ဍပ်တွေကို  နစက ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တွေဟာ သွားရောက်အားပေးကြပြီး ရေပက်ကစားနေကြသူတွေ၊ဖျော်ဖြေနေကြသူတွေနှင့်အတူ အတာသင်္ကြန်ပွဲကို ဆက်လက်ပြီး ဆင်နွှဲခဲ့ကြတယ်လို့ နစက,က သတင်းထုတ်ပြန်ပါတယ်။

ထိုသို့ဆင်နွှဲရာတွင် မြန်မာ့ရိုးရာအစဉ်အလာနှင့်အညီ အပြန်အလှန်ရေပက်ဖျန်းကြပြီး ဖျော်ဖြေတင်ဆက်သူတွေကိုလည်း ဂုဏ်ပြဆုငွေတွေ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရပါတယ်။