#LocalNews
Published_15 April 2022

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု) မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားကြီးသို့ ယနေ့ ဧပြီလ ၁၅ ရက် သင်္ကြန်အကြတ်နေ့တွင် ဘုရားဖူးလာရောက်သူများပြားကြောင်း သိရသည်။

ယင်းအပြင် လာရောက်သော အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးခရီးသည်များက မန်းချောင်းအတွင်း ရေချိုး၍အပန်းဖြေကြကြောင်းလည်း သိရသည်။

မန်းရွှေစက်တော်ဘုရားပွဲတော်ကြီးကို တပို့တွဲလဆန်း ၅ ရက်နေ့က စတင်ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ပြီး မြန်မာနှစ်ဆန်းတစ်ရက်နေ့ (ဧပြီလ ၁၇ ရက်)တွင် အောက်ခြေတော်ရာ ဖန်အုပ်စောင်းတော်နှင့် အထက်ခြေတော်ရာ သံတံကားတို့ကို ပိတ်ပွဲကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ymg/mt
#Yangon_Media_Group