#local_health
Published_ 6 March 2022

ရှမ်းပြည်နယ်တောင်ပိုင်းရှိ နေရပ်စွန့်ခွာစခန်းများမှ ပြည်သူတွေကို မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက မတ်လ ၁ ရက်မှ စတင်ကာ ရွှေ့လျားဆေးကုခန်း ဖွင့်လှစ်ပြီး ကျန်းမာရေးစောင့်ရှောက်မှု ပေးနေတယ်လို့ သိရပါတယ်။

ရှမ်းပြည်နယ် (တောင်ပိုင်း) သို့ ရောက်ရှိနေတဲ့ နေရပ်စွန့်ခွာ ပြည်သူတွေအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်း ရွေ့လျားဆေးကုသရေး အဖွဲ့ က တောင်ကြီးမြို့နယ်နှင့် ညောင်ရွှေမြို့နယ်အတွင်းရှိ နေရပ်စွန့်ခွာစခန်းတွေမှာ ပြည်သူတွေကို ကျန်းမာရေး စောင့်ရှောက်မှုတွေ ပေးနေတယ်လို့ ဆိုပါတယ်။

ရွှေ့လျားဆေးကုသအဖွဲ့မှာ ရခိုင်ပြည်နယ်စီမံခန့်ခွဲမှုယူနစ်မှ ဆရာဝန် ၁ ဦး၊ ကျန်းမာရေးမှူး ၁ ဦး၊ သူနာပြု ၂ ဦး စုစုပေါင်းအဖွဲ့ဝင် ၄ ဦးပါဝင်ပြီး မတ်လ ၁ ရက်နေ့မှ မတ်လ ၄ ရက်နေ့အတွင်း ပြည်သူ ၄၃၈ ဦးကို ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါရွှေ့လျားဆေးကုသခန်းကို ဆီဆိုင်၊ ပင်လောင်းမြို့နယ်များရှိ နေရပ်စွန့်ခွာ စခန်းများမှာ ဆက်လက်ဖွင့်လှစ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

#ymg_mnn
Yangon_Media_Group