#LocalNews

Published - 6 Mar 2022
ကချင်ပြည်နယ်ရှိ ပူတာအိုမြို့တွင် စက်သုံးဆီများကိုဒေသခံများက အလုအယက်ဝယ်ယူနေကြရတယ်လို့ သိရပါတယ်။

" ဆီဘောက်ဆာကား နှစ်စီးဝင်လို့ ရောင်းပေးတာ ပေါ့ ။ တစ် ယောက်ကို ၃၀၀၀ ဖိုးဘဲ ရောင်းပေးတယ်၊ လုံလောက်မှုမရှိဘူး ပေါ့။ ရတဲ့ဆီက ဆိုင်ကယ်တစ်စီးတောင် မပြည့်ပါဘူး။ ရောင်းတာကလည်း မြို့ပေါ်က တိုင်းကျော် ဆီဆိုင်တစ်ခုထဲမှာပဲ ရောင်းပေးနေတာပါ။
ပြောရရင် အခုထိ အဆင်မ ပြေသေးပါဘူး၊ ပူတာအိုမှာ ဓါတ်ဆီစျေးက တက်နေတုန်းပါဘဲ။"လို့ ပူတာအိုမြို့ ဒေသခံတစ်ဦးက ပြောပြခဲ့ပါတယ်။

လက်ရှိ ပူတာအို ဒေသတွင် ဓါတ်ဆီ ၁ လီတာ တစ်ပုလင်းလျှင် ကျပ် ၃၀၀၀ မှ ကျပ် ၄၀၀၀ အထိ ပေါက်စျေးရှိနေတာဖြစ်တယ်လို့ လည်း သိရပါတယ်။

"အခက်အခဲတွေကရှိ နေတုန်းပါဘဲ။ ဒီမနက်ဆို ဘာဖြစ်လဲဆိုရင် နာရေးအိမ်တစ်ခုက အကူအညီ တောင်းတာတောင် Body ကို သွားသယ် ပေးလို့ မရဘူးဖြစ်ခဲ့တယ်။
ကားဆီမရှိလို့ လေ၊ အဲ့လို တွေဖြစ် နေတာ ပေါ့၊ အခု ရောင်း ပေးတယ်ဆိုတာကလည်း တစ် ယောက်ကို ၃၀၀၀ ဖိုး လောက် ကားဆိုရင် ၆၀၀၀ ဖိုးလောက် ဒါလောက်ပဲ ရောင်း ပေး တော့ အဆင်မ ပြေခဲ့ပါဘူး။ စက်သုံးဆီ အခက်အခဲက ရှိ နေတုန်းပါဘဲ။"လို့ ပူတာအိုမြို့ ဒေသခံတစ်ဦးက ဆက်လက် ပြောပြခဲ့ပါတယ်။

အဆိုပါ ပူတာအို ဒေသတွင် စက်သုံးဆီ တွေ လနဲ့ချီကြာအောင်ပြတ်တောက်မှု တွေဖြစ် ပေါ်ခဲ့တာဖြစ်ပါတယ်။

သို့သော်လည်း ယမန်နေ့က ပူတာအိုမြို့သို့ ဆီ ဘောက်ဆာ ကားနှစ်စီး ပြန်လည်ဝင် ရောက်လာတဲ့ အတွက် ဒီကနေ့မှစတင်ပြီး စက်သုံးဆီများကို ခွဲတမ်းနဲ့ ရောင်းချ ပေးခဲ့တာဖြစ်တယ်လို့ လည်း သိရပါတယ်။

Photo - CJ
ymg/kg
#Yangon_Media_Group