#LocalNews
Published- 18 Feb 2022

 

အနန္တကျေးဇူးတော်ရှင်မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးအနေနဲ့ အများပြည်သူဖူးမျှော်နိုင်ရေးအတွက် ဆွမ်းခံကြွကာ အပူဇော်ခံလျက်ရှိပြီး ၁၃၈၃ ခုနှစ် တပေါင်းလဆန်း ၁၂ရက်၂၀၂၂ ခုနှစ် မတ်လ ၁၃ ရက်နေ့မှစတင်ကာ အပူဇော်ခံခြင်းကိုရပ်နားမှာဖြစ်ကြောင်း နတ်တလူသာသနာပြုအသင်းမှ သိရပါတယ်။

 

"ဆွမ်းခံကြွအပူဇော်ခံတာကို ရပ်နားဖိုမိန့်ပါတယ် တပေါင်းလဆန်း ၁၂ ရက်နေ့ကစပြီး ရပ်နားမှာပါ ပြန်အပူဇော်ခံမယ့်ရက်မသိရသေးပါဘူး"လို့ နတ်တလူ သာသနာပြုအသင်းမှ ကပ္ပိယဦးခင်မောင်ဝင်းကပြောပါတယ်။

 

ကျေးဇူးတော်ရှင်မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးသည် ၁၃၈၃ ခုနှစ် ဝါဆိုလပြည့် ကျော် (၁)ရက်နေ့မှစတင်၍ သာသနာ့အကျိုး လောကကောင်းကျိုးအတွက် (၇) ရက်သားသမီးများ၏ ကုသိုလ်အကျိုးငှာ ဆွမ်းခံပြီး အပူဇော်ခံ ကြွပေးနေခြင်းကို ၁၃၈၃ ခုနှစ် ပဉ္စဝီသတိမ (၂၅) ကြိမ်မြောက် မင်းဘိသိက်ခံ မြတ်စွာဘုရားတပေါင်းပွဲတော်ကြီးကျင်းပရန် ရှိနေပါသဖြင့် ၁၃၈၃ ခုနှစ် တပေါင်းလဆန်း ( ၁၂ ) ရက်နေ့တွင် ဆွမ်းခံကြွပြီး အပူဇော်ခံခြင်းကို ရပ်နားမည်ဖြစ်ပါကြောင်း ဝေနေယျ သာ၀ကအပေါင်းတို့အား သိရှိစေရန် ကြေညာထားပါတယ်။

 

ymg/hm
#Yangon_Media_Group