#LocalNews
Published - 18 Feb 2022

ထိုင်း -မြန်မာ နယ်စပ်အနီး မြို့များတွင် မြန်မာအလုပ်သမားများအား နယ်စပ်ဖြတ်ကျော်လက်မှတ်ဖြင့် ခေါ်ယူမည်ဖြစ်ကြောင်းသိရသည်။

ထိုင်း -မြန်မာနယ်စပ် ထိုင်းဘက်ခြမ်း တွင် အလုပ်သမား လိုအပ်မှုရှိနေ၍ အိမ်နီးခြင်း မြန်မာနိုင်ငံသား အလုပ်သမားခေါ်ယူရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

" ပါစ်စပို့စာအုပ်မလိုဘူး၊ ချင်းရိုင် မဲ့ဆောက် တတ်ခရိုင် ကန်ကျနဘုရီ ရနောင်းခရိုင်တွေမှာ အရင်ကလုပ်ရတဲ့ နယ်စပ်ဖြတ်ကျော်လက်မှတ်နဲ့ပဲ သွားရောက်ခွင့်ရပါမယ်" ဟု ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းအလုပ်သမား‌အရေး ဆောင်ရွက်နေသူတစ်ဦးက‌ပြောသည်။

လက်ရှိတွင် အဆိုပါ ခရိုင်များအတွင်း လူပေါင်း ၃၃၀ ခန့် ကွာရန်တင်းနေထိုင်နိုင်မည့် အခန်းပေါင်း ၁၈၅ ခန်း ပါကွာရန်တင်းစင်တာ ၆ ခု တည်ဆောက်ထားပြီးဖြစ်ကြောင်း
ပါ့စ်စပိုစာအုပ်မလိုအပ်သော်လည်း အခြားလိုအပ်သော စာရွက်စာတမ်းများမှာ အလုပ်ရှင် နှင့် အလုပ်သမားများ ညှိနှိုင်းဆောင်ရွက်မှု ပြင်ဆင်ခြင်း၊ RT-PCR ဖြင့် 72 နာရီ မကျော်သော ကိုဗစ်စစ်ဆေးမှု သက်သေစာရွက် တင်ပြရန် ၊ သို့မဟုတ် ATK ဖြင့် ကိုဗစ်စစ်ဆေးခြင်း ကာကွယ်ဆေး ၂ ကြိမ် ထိုးနှံထားပြီးကြောင်း အထောက်ထား နှင့် နယ်စပ်ဖြတ်ကျော် စာရွက်စာတမ်းများလိုအပ်ကြောင်းသိရသည်။သွားရောက်မည့်သူများအား အလုပ်လုပ်ခွင့် ဝေါက်ပါမစ် ကို ထုတ်ပေးရာတွင် တစ်ကြိမ်လျင် ၃ လထက် မကျော်သော bor to 40 ပုံစံဖြင့် ထုတ်ပေးသွားမည်ဟု ထိုင်းနိုင်ငံအလုပ်သမားဝန်ကြီးဌာန က ထုတ်ပြန်ထားကြောင်း သိရသည်။

ထိုင်းနိုင်ငံသို့ မဝင်ရောက်မီ ကိုဗစ်ရောဂါထိန်းချုပ်ရေးဂိတ်ဌာနတွင် အထောက်ထားကို စစ်ဆေးမည်ဖြစ်ကြောင်း ၊ နေထိုင်ခွင့် ဗီဇာ တစ်ကြိမ်လျင် ရက်ပေါင်း ၃၀ နေထိုင်ခွင့် ရရှိမည်ဖြစ်၍ ကျမ်းမာရေး အာမခံ ၃ လစာ ဝယ်ယူရမည်ဖြစ်ကြောင်း ၊ ကာကွယ်ဆေး ၂ ကြိမ်ထိုးနှံထားပြီးလျင် ကွာရန်တင်း တစ်ပတ်နေထိုင်ရမည်ဖြစ်ကြောင်း ၊ ကုန်ကျစားရိတ်ကို အလုပ်ရှင်မှ တာဝန်ယူမည်ဖြစ်ကြောင်း သိရသည်။

ymg/mt
#Yangon_Media_Group