#LocalNews
Published- 18 Feb 2022


ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ယနေ့ နံနက်အစောပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ကြည့်မြင်တိုင်မြို့နယ် ဗဟိုစံပြငါးဈေးအနီး ငါးစက်လှေတစ်စီးဓါးပြတိုက်ခံရမှုဖြစ်စဉ်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဉ်မှာ ယနေ့ နံနက်၃နာရီ မိနစ် ၅၀ အချိန်ကြည့်မြင်တိုင်မြို့နယ်၊မကျည်းတန်းမြောက်အနောက်ရပ်ကွက်၊ဗဟိုစံပြငါးဈေးသိုထန်းတပင်မြို့နယ်မှငါး၊ပုဇွန်များရောင်းချရန်လာသောစိန်ဝင်းခိုင်အမည်ရှိငါးစက်လှေမှာ‌ငါးဈေးကမ်းနားအနီးရပ်နားနေစဉ်စက်လှေ(၂)စီးဖြင့်လူ(၁၅)ဦးခန့်မှတုတ်/ဓါးများကိုင်ဆောင်ရောက်ရှိလာပြီးဓါးပြတိုက်မှုဖြစ်စဉ်ကျူးလွန်ခဲ့တာလို့ အမည်မဖော်လိုသူဆိပ်ကမ်းတာဝန်ရှိသူတစ်ဦးကပြောပါတယ်။

"ဖြစ်စဉ်ကမှန်ပါတယ်။အားလုံးပေါင်း ငါးလှေလုပ်သား၉ဦးထိခိုက်ဒဏ်ရာရှိပါတယ်။လုံခြုံရေးတပ်ဖွဲ့တွေစစ်ဆေးပြီး ရှာဖွေဖမ်းဆီးရမိဖို့ဆောင်ရွက်နေပါတယ်"လို့ အထက်ပါပုဂ္ဂိုလ်ကပြောပါတယ်။

အဆိုပါဖြစ်စဉ်တွင်ဓါးပြတိုက်သူများကစက်လှေပေါ်ပါလုပ်သားများအားဓါးများဖြင့်ရိုက်နှက်ထိုးခုတ်ကာ၊စက်လှေပေါ်ပါပုဇွန်အချိန်(၅၀)ခန့်တန်ဘိုး(၁၀)သိန်းခန့်၊ငွေ(၄)သိန်းကျပ်နှင့်ဖုန်း၄လုံးတို့ အားလုယူထွက်‌ပြေးသွားတယ်လို့သိရပါတယ်။

ရိုက်နှက်ထိုးခုတ်မှုကြောင့်ငါးစက်လှေပေါ်ပါဦးကြည်ဝင်း၊၅၂နှစ်၊(ဘ)ဦးလှ၊နတ်သမင်ကျေးရွာ၊ထန်းတပင်မြို့နယ်နေသူပါ(၈)ဦးတွင်(မစိုးရိမ်ရ)ဒဏ်ရာများရရှိသဖြင့်စံပြလူမှုကူညီရေးယာဉ်ဖြင့်ရန်ကုန်ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ပြီး၊အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့နှင့်ပူးပေါင်းအဖွဲ့မှတရားခံဖမ်းဆီးရမိရေးဆောင်ရွက်နေတယ်လို့သိရပါတယ်။

ymg/hm
#Yangon_Media_Group