#LocalNews
Published - 18 Feb 2022

 

ဥရောပတိုက် စပိန်နိုင်ငံ၏ ယဉ်ကျေးမှုမြို့တော်မှာ ဗုဒ္ဓလုမ္ဗိနီဥယျာဉ်တော်ကြီးတည်ဆောက်သွားမှာဖြစ်ပြီး
ဥယျာဥ်တော်ကြီး တည်ဆောက်ဖို့အတွက် စပိန်နိုင်ငံအစိုးရထံမှ ခွင့်ပြုချက်ကိုလည်း ရရှိခဲ့ပြီးဖြစ်တယ်လို့
သိရပါတယ်။

 

အဆိုပါ ဗုဒ္ဓလုမ္ဗိနီဥယျာဉ်တော်ကြီးကို စပိန်နိုင်ငံ Caceres ကပ်ဆီးရပ် ယူနက်စကို ရှေးဟောင်းယဉ်ကျေးမူမြို့တော်တွင် တည်ဆောက်သွားမည်ဖြစ်ပြီး ဘုရားရှင်၏ အငွေ့အသက်ဓမ္မတရားတွေမွမ်းထုံမည့် လုမ္ဗိနီဥယျာဉ်စီမံကိန်းအကောင်အထည်ဖေါ်ရန် ဥရောပတိုက် စပိန်နိုင်ငံ ကပ်ဆီးရပ်ခရိုင် အစိုးရအဖွဲ့အကြီးအကဲနှင့် lumbini Garden project တာဝန်ရှိသူများဆွေးနွေးညှိနှိုင်းပွဲကိုလည်း( ဖေဖော်ဝါရီ ၁၆ ရက် )နေ့က ပြုလုပ်ခဲ့ပြီး အဆိုပါဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ၊ စစ်ကိုင်းတောင်ရိုး International Buddhist Education Center တည်ထောင်သူ ကျွန်းလှဗုဒ္ဓတက္ကသိုလ်နှင့်နယ်သာလန် Stichting IBEC ဆရာတော်ဒေါက်တာ အရှင်သောဘိတ တို့ တက်ရောက်ခဲ့ကြတာပါ။

 

ထို့နောက် ဥရောပတိုက် Lumbini Garden Project ဒါရိုက်အဖွဲ့က IBEC ဆရာတော်အား အဖွဲ့ဝင်ခန့်အပ်လွှာကိုဆက်ကပ်ခဲ့ပြီး ယခုအခါ IBEC ဆရာတော်သည် အဆိုပါစီမံကိန်း၏ တရားဝင်ပူးပေါင်းဆောင်ရွက်မည့် ဒါရိုက်တာအဖွဲ့ဝင် ရဟန်းတော်ဖြစ်လာပြီလည်း ဖြစ်ပါတယ်။

 

အဆိုပါ The Second Birth Place of Lord Buddha Garden Project in Spain စီမံကိန်းသည်အထူးစိတ်ဝင်စားစရာကောင်းသလို မြို့တော်ဝန် His Excellency Luis Salaya နှင့် Lumbini Garden Project အဖွဲ့တို့သည် IBEC ဆရာတော်နှင့်သာသနာပြုအဖွဲ့အား ယဉ်ကျေးမူမြို့တော်အကြောင်းရှင်းပြကာ အပြန်အလှန်မိတ်ဆက်ဆွေးနွေးခဲ့ကြတယ်လို့လည်း သိရပါတယ်။

 

စတော့ဟုမ်းကမ္ဘာ့ငြိမ်းချမ်းရေးဆုရှင် -ကမ္ဘာ့ငြိမ်းချမ်းရေးသံတမန်ရဟန်းတော် IBEC ဆရာတော် ဒေါက်တာအရှင်သောဘိတသည် ဥရောပနိုင်ငံများသို့ ငြိမ်းချမ်ရေးခရီးစဥ်အဖြစ် ကြွချီနေတာဖြစ်ပြီး IBEC ဆရာတော်၏ ဥရောပတိုက်နိုင်ငံများ ငြိမ်းချမ်းရေးခရီးစဥ်ဟာ (၁)လတာ ကြာမြင့်မှာဖြစ်တယ်လို့ ဆိုပါတယ်။

 

IBEC ဆရာတော်၏ ဥရောပတိုက်နိုင်ငံများ ငြိမ်းချမ်းရေးခရီးစဥ်အတွင်း မြန်မာပြည်ငြိမ်းချမ်းရေးအတွက် အာဆီယံဒေသတွင်းနှင့် ဥရောပသမဂ္ဂအတွင်း အပြုသဘောဆောင်မူပြရုပ်များကို ဆောင်ရွက်ကြရန် ငြိမ်းချမ်းရေးသတင်းစကားများ ပြောကြားမှာဖြစ်တယ်လို့ International Buddhist Education Center(သတင်းထုတ်ပြန်ရေးအဖွဲ့ )က သတင်းထုတ်ပြန်ထားပါတယ်။

 

ဓါတ်ပုံ - International Buddhist Education Center(သတင်းထုတ်ပြန်ရေးအဖွဲ့ )

 

ymg/kg
#Yangon_Media_Group