#LocalNews
Published - 18 Feb 2022

 

မဲခေါင်မြစ်တွင်း နောက်ဆုံးကျန်ရှိသော ဧရာဝတီလင်းပိုင်လေးဟာ ယခုအခါမှာတော့ သေဆုံးသွားခဲ့ပြီဖြစ်တယ်လို့ EHS - Myanmar က ( ဖေ ဖော်ဝါရီ ၁၇ ရက်) နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

 

လာအိုနယ်စပ်အနီး Stung Treng ပြည်နယ် မြစ်ကမ်းပါးတွင် သေဆုံးနေသည့်လင်းပိုင်ကို တွေ့ရှိခဲ့ကြောင်း အင်္ဂါနေ့က ကမ္ဘောဒီးယားငါးလုပ်ငန်း ထိန်းသိမ်းရေးဌာနမှ ထုတ်ပြန်ထားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

 

အဆိုပါ ဧရာဝတီလင်းပိုင်လေးဟာ ငါးမျှားပိုက်ထဲနှင့်ညှိပြီး ရရှိသည့်ဒဏ်ရာများကြောင့် နာမကျန်းဖြစ်ပြီး သေဆုံးသွားဖွယ် ဖြစ်နိုင်တယ်လို့လည်း ကမ္ဘောဒီးယား ငါးလုပ်ငန်းထိန်းသိမ်းရေးဌာနက ယူဆထားပါတယ်။

 

၎င်းနောက်ဆုံးသောလင်းပိုင် သေဆုံးမှုနှင့်အတူ ဧရာဝတီလင်းပိုင်သည် ယခုအခါ လာအိုတွင် မျိုးသုဉ်းသွားခဲ့ပြီဖြစ်တယ်လို့ EHS - Myanmar ၏ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

ဓါတ်ပုံ - EHS - Myanmar

 

ymg/kg
#Yangon_Media_Group